ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, September 26, 2013

ပန်းဘဝကို နားလည်ပါ မောင်




ပန်းဘဝကို နားလည်ပါ မောင်
╰⊰✿´╰⊰✿´╰⊰✿´╰⊰✿´

ခူး လို့ပင်လေ
ဝေ ကြကြွေရ
ပန်း ဘဝကို
        သခင်မြင်လို့ ကြင်လှည့်ပါ ╰⊰✿´

ဘယ်သူ ခြွေ ခြွေ
ပန်း က ဝေစဲ
ရနံ့ မြဲနဲ့
ပန်း တို့ဘဝ 
ပန်း အလှကို
          သခင်သိလို့ နားလည်ပေါ့ ╰⊰✿´

ခြောက် လျှင်ပင်နမ်း
မေတ္တာ စွမ်းနဲ့
သခင် သိလို့
ကြင် ခဲ့ရင်တော့
သည် ပန်းဘဝ
ပန်း အလှက
    ဘယ်သူပြိုင်လို့ လှပါနိင် ╰⊰✿´

              မောင့်ချစ်သူက ရနံ့လှိုင်╰⊰✿´ 

လွမ်းတက်နေပါပြီ ညို



လွမ်းတက်နေပါပြီ ညို
------------------------

ကောင်းကင်လို မမြင့်မား
ရေမြေလို မခန်းနားတော့
ဘဝသမားက စာစကားနဲ့ပဲ
ပြောပြရစေလား ညို ....

ငါ့ ဘဝက ဗေဒါလို့တောင်
နင့် အနားမှာ အနေမကြာဘူးနော်
အွန်လိုင်းဆိုပြီး နင် အမြင်တွေများ
မှိုင်းခဲ့လေသလား ညို ....

ရေမြေခြားလို့ ဝေးကြကြေးဆို
အချစ်စစ်ဆိုတဲ့ စကားလုံး
ဘယ်နေရာမှာ သုံးမလဲ ညို ...

ပကာသန ဆိုတာတွေမတွက်
ဩော် .....
ထာဝရအဖော် ဟဲ့ ဆိုပြီး
သဒ္ဒါလွန်ရစ် နယ်ကျွံကာနဲ့
ငါ့ အချစ်တို့ စစ်ခဲ့ပါတယ် ညို ...

ခုများတော့ လေ.......
ရေကြည်အနောက် ခြေရာဖျောက်တော့
ကမ်းစပ်မှာ ငါ လေ မျှော်ရင်း မျှော်ရင်း
လွမ်း လွမ်း တက်နေပါပြီ ညို ...  

နားလည်ပေးပါ

နားလည်ပေးပါ
=======

မြ မင် တာ က

သုံးေ လး ရ က်

ရ င်မှာေ တာ့ လေ

လွမ်း မိုး ဆက် .....


ေ ဝ ဒ န ာ ေ တ ြ

တိုး ကာ ရ စ်

နှ လုံး သား က

မျက် ရည် မြစ် ....


သ ည် အ ချစ် များ

မေ့  မှာ လား

အား င ယ်စ ကား

နား လ ည် လား .....

နှင့် အတူ

နှင့် အတူ
---------

သူမ ထံပါသွားခဲ့သော
ကျွန်တော် နှလုံးတစ်စုံကို
မသိ၍လား မမြင်ခဲ့ခြင်းလား ...

သခင် ......
မချစ်တက်လို့ အချစ်ငတ်သလား
အချစ်ကြမ်းလို့ ရင်ကနွမ်းသလား
တဒင်္ဂဆိုတဲ့ အချစ်တွေဖြစ်ရင်
ဘယ်မှာလာလို့ ဖွင့်ခါပြောမလည်း

အချစ်ဆိုတာက ခါး
အိမ်မက်ဆိုတာ ဝါးနဲ့
မရေရာတာ များလို့
မသေခြာဘူး ထင်ရင်လည်း
ဇဝေဇဝါ ညတွေနဲ့
မနက်ဖန်တိုင်းမှာတော့
သခင်နဲ့အတူတူ ပျော်ခြင်တယ် ...


 

ခံစားနိင်ပါစေသား သခင်ရယ်


ခံစားတတ်သူ နှလုံးသား
---------(ခ)-----------
ခံစားနိင်ပါစေသား သခင်ရယ်
*****************

ကျွန်တော်နှလုံးတွေ ကြွေမွ
အချစ်တွေပင် မြေခပါမှ
သိမှာလားကွယ် သခင်ရယ် ....

နှလုံးသားက အချစ်တွေကို
ရင်ထဲမှာလေ အချစ်ပင်များ
ပျိုးလို့ရလည်း အကောင်းသားနော် ....

သခင် မကြင် တမင်စိမ်းပေမယ့်
ကျွန်တော်မျိုးက မတိမ်းနိင်ခဲ့သူမို့
သဒ္ဒါလွန်ရစ် နယ်ကျွံနစ်လို့
သည်အချစ်တွေကို နူတ်တစ်ရာ
စာတစ်လုံးရယ်နဲ့ ဖွင့်ဟခဲ့သူက
သေဘေးကိုလည်း မမြင်သာ
ချစ်မိတဲ့ စွမ်းအင်တွေပါ သခင်ရယ် ....

မခံစားတက်လေ ခြင်းလားကွယ်
ကျွန်တော်ရင်မှ အပူမီးတွေကို
သိလျှက်မခေါ် တွေလို့ပင်စိမ်း
ဩော် ......
သူစိမ်းတွေလို့ သတ်မှတ်လေသလား
နှလုံးသားက ငိုပွဲဆင်လည်း
အသည်းကတော့ မာချက်
ကျွန်တော်အချစ်က မာယာမပါ
စွန့်လွတ် အေးမြခြင်းတွေပါလေ
သေးဘေးကို သိပေမယ့်
အနော်ရထာ မာန်ရှသလို့များ
သုဘဒ္ဒါ မုန်းမာန်ပျိုးသလို့များ
မချစ်တတ်တဲ့ နှလုံးသားကို
သခင်ရင်မှာ ပိုက်ခဲ့ရင်လည်း
ကျွန်တော်မျိုးရဲ့ ဘဝတော့
အမြဲသေဆုံးပါရစေလား သခင် ရယ် ....

သူမသည်သာ မြတ်နိုးရာ


သူမသည်သာ မြတ်နိုးရာ
=============

သူ့ ရဲ့အေးမြတဲ့ အသံလေးတွေ
မကြားရတာ တော်တော်ကြာပေါ့

ကျွန်တော်မှာ အလွမ်းဖြေစရာဆိုလို့
ဖုန်း ဝေါက သူ့ပုံလေးရယ်
ကျွန်ပြူတာ ဒက်စတော့က
သူ့ပုံရိပ်လေးတွေကသာ .........

ကျေနပ်ပါတယ်လေ 
မချစ်ခြင်လို့ များ 
စိမ်း ခြင်လည်း စိမ်း
တိမ်း ခြင်လည်း တိမ်း
သည်ရင်မှ အချစ်တွေက
မယိမ်းလေခြင်းမို့
ကျွန်တော်ဘဝအတွက်တော့
သူမသည်သာ မြတ်နိုးရာ ....
 
 

ယုံကြည်ပါတော့ ခင်




ယုံကြည်ပါတော့ ခင်
---------------------


 အေးမြတဲ့အဆင်း
နွေးထွေးတဲ့အလင်းတွေနဲ့
မောင့် ရင်ခွင်မှာ
ဘယ်အချိန်များမှ
ခိုလုံမှာလည်း ခင် ....

အရိပ်နေ အခက်မချိုးပါဘူး
ခင့် ဥယျာဉ် ဝေဆာမြူးအောင်
မောင့်ကလေ ရေလောင်းကာ
ပေါင်း သင်ချင်သူမို့ ...

ခင်ရေ ....
တစ်သက်တစ်ခါ 
တစ်လွှာတစ်ပွင့်
ငုံ အဆင့်နဲ့
ပွင့်လိုပင်ကြွေ
ရင့်လို့ပင်ဝေအုံး
မငြူစူပါ
ကောက်ယူနမ်းမဲ့
မောင့် အချစ်ကိုယ်ဖြင့်

ယုံစမ်းပါတော့လား ခင် .... 

Friday, September 20, 2013

မဖြစ်နိင်ရင် မချစ်ပါနဲ့လား ညို

မဖြစ်နိင်ရင် မချစ်ပါနဲ့လား ညို
--------------------------------

ပကာသန အတွက်
ငါ့ အချစ် ငါ့ မေတ္တာတွေကိုမှ
ထာဝရ သက်ခဲ့လေသလား ညို ....

နာကျင်စရာ အရိပ်တွေက
သည်ရင်မှာ မတိတ်သေးတော့
တစ္ဆေကောင်နှယ် ပူးကပ်နွယ်ရင်း
ငါ့ ကမ္ဘာမှာ လ ဆိုတာတောင်
မသာတော့ မလင်းတော့ပါဘူး ညို ...

ညိုရေ ကမ်းစပ်မှာလေ
ဇင်ယော်တွေရယ် ဟင်္သာတို့က
တွဲယှက်ကာ တူယှဉ်ပျံရင်း
ချစ်ကြွေးသံတွေ ညံညံစီတော့
တစ်ချိန်တုန်းက သည်ရင်မှာလေ
နင် ဝင်ပုန်းပြီး ချစ်ခွန်းဖွဲ့သီ
လွမ်းတေးတွေကို သီကုံးတာက
ပြောမဆုံးပေါင် တောသုံးထောင်ပါ ညို ...

ဂုဏ်ဓနက သုညမို့ သတ်မှတ်ရင်လည်း
ဟင်း ............
နင် မဖြစ်နိင်ရင် အစကမချစ်ပဲ
နေလိုက် နေလိုက် ပါလား ဟာ
ခုများတော့ ...........
မရွှင်အသည်းနာ ငါ လေ
ရင်ခွဲသာ ပြလိုက်စမ်းချင်ပါတယ် ညိုရယ် 

ပျော်ပါစေသား မောင်

ပျော်ပါစေသား မောင်
----------------------

မကြင်နာလို့
တမင်ခွာလေ သလား
အနေဝေးလို့
ထားခဲ့လေသလား မောင်...

မောင်မကြင် တမင်စိမ်းလည်း
သူစိမ်းရယ်မို့ မထင်ရက်ပါ

မောင်မမြင် မောင်မသိပေမယ့်
သည်ရင်မှာ တဒင်္ဂအချစ်တွေ
ဖြစ်လာတာမှ မဟုတ်တာလေ ..

မုန်းမာန်ပျိုးလို့ မုန်းရက်ရင်လည်း
ဝေဒနာတွေ နွေတစ်ရာပူတော့
မဖြေသာအလွမ်း သည်တစ်နွေမှ
ခန်း ခန်းပါမလား မောင်ရယ် ....

ပေးခဲ့ဖူးတဲ့ အချစ်ပန်းအတွက်
အပြစ်တွေလုပ် ရန်လည်းမလုပ်
ညိုငြင်ရင်လေ မေ့အပြစ်ပဲမို့
မောင် ရေ ...
လှမ်း လှမ်း၍ ဝေးကွာခြား
ချမ်း ချမ်း မြပါစေသား ....


 

တ သ သ

တ သ သ 
----------

ချစ်သူ ရေ
ချစ်သူ အသံ ချစ်သူ သဏ္ဍန် 
အဆင်း အနံ့ လေးတွေရယ်မှ
မဟုတ်ရ မဟုတ်ပါဘူးကွယ် ...

ချစ်သူ ရေ
မောင့်စိတ်ထဲဝယ် ဘယ်လိုတွေးလို့
ဘယ်နေ့မှာ ဘယ်လိုလွမ်းတာကို
ကဗျာဖွဲ့မယ် စာသီပြန်လည်း
ဖွဲ့နွဲ့မရ ခင့်အလှက
အပစ်လွတ်ကင်း ရွှန်းမလင်းပါ ....

ချစ်သူ ရေ
မတွေ့လို့ပင် ဆွေးကာနေတော့
တ သ သ နဲ့ လွမ်းရင်းငေးခါ
လွမ်းကမ္ဘာမှာ ကြယ် ရောင်မမြင်
လ ရယ်မသာ နေ ကမရှိ
လွမ်းစရာ အတိတွေပါလား ...

ချစ်သူ ရေ
ချစ်သူသည်သာ မြတ်နိုးရာမို့
မျှော်ရင်းတမ်းတ လွမ်းမဝကို
သနားရင်ဖြင့် ချစ်စွမ်းအားနဲ့
သခင်ထွေးလို့ ပိုက်လှည့်ပါ .....

လွမ်းမိ ဘဝ

လွမ်းမိ ဘဝ
------------
 
မြင်လှည့် ပါနော်
သခင် ရယ်ကွယ်
ရင်ထဲ မှာက
မရွှင် ပြဘူး
ပေါ် မလာတယ်
မျှော် သူကိုမှ
စိမ်းကားနေသလား ....

မော် ဖူးမယ်နော်
ရည်စူး ပါလို့
စိတ် ထဲမှာကွယ်
ကြံ လိုက်မှဖြင့်
သူ့မ ကိုလေ
မတွေ့ ရတော့
ရက်စက်လေသလား ...

ကြင်လှည့် ပါနော်
စိတ်ထဲ မျှော်လို့
အသံ လေးမှ
မကြား ရလည်း
ရည်ညွှန်း ဖွဲ့သီ
စာတွေ စီခါ
ပေးပို့ပါလား မဖုရားရယ် ...

Saturday, September 14, 2013

ဘယ်သူခွဲမလည်း ခင်


ဘယ်သူခွဲမလည်း ခင်
----------------------
ခင် 
အကြည့် စူးစူး 
ရင်သို့ ထူးလို့ 
စက္ကန့် မလပ် 
မြင် ချင် တယ်* **

ခင်
အမြင် အတွေ့
ရင်ခုန် ငွေ့မို့
သက်ဆုံး တိုင်သာ
ချစ် ချင် တယ်***

ခင်
တစ်ရိုး တစ်ညှာ
ရွှေကြာ ပမာ
အမျှင် တွဲလို့
မခွဲ မခွာ
နေ ချင် တယ်***

ခင်
တစ်ခါ အချစ်
မပြော ဝံ့ဘူး
နှစ်ခါ အချစ်
မပြော သင့်ပါ
တိုင်တည် လို့ထား
နှစ်ဦး သားက
နားလည် အစ
လက်တွဲ ကြမို့
ချစ်တာ သိခါ
တို့တတွေများ သစ္စာရှိရင်
    ဘယ်သူ ခွဲလို့ ဝေးမလဲ(လည်း) ...

မမျှော်ရဲပြီ နွေ

မမျှော်ရဲပြီ နွေ
---------------
 နွေ
နှင်းဆီဖူး တွေ
သင်းကြည်မြူး ပေမယ့်
နွေတခင်း တစ်လျှောက်မှာ
သည် အဖူး မခြောက်တော့
မောင့် ဘဝရဲ့
အမော တွေကလည်း
မပျောက်ပါလား ကွယ် ....

နွေ
ပကာသန တွေနဲ့
ဆေး ရောင်ခြယ်ဖို့ရယ်
ကာလာစုံ မပါပဲ
သဘာဝ ဆိုတဲ့လေ
ရင်ထဲက အချစ်တွေနဲ့
ချစ်ခဲ့သူမို့ ဘဝတွေက
မလှလို့များ ထားခဲ့လေသလား ....

နွေ
........နွေ
...............နွေ
စမ်းရေတွေက ခန်းပြီ
ပန်းအကြွေလည်း လန်းစီ
မောင့် အလွမ်းတို့က ကြမ်းသည်
ဩော် .............
အလွမ်းတွေက စမ်းရည်တွေလို
ကြမ်းခဲ့ပေမယ့် အိမ်မက်လေလား
ဝိုးတဝါးနဲ့ ပျောက်သော နွေ ကို
မမျှော်ရဲပြီမို့ ....


 

အချစ်သဌေးမလေး မမနွယ်

အချစ်သဌေးမလေး မမနွယ်
-----------------------------

ချစ်တက်တဲ့ နှလုံးသားအစုံစုံကိုမှ
အခွန်လွတ်ဈေးသဖွယ် သတ်မှတ်ပြီး
နင် ဈေးတွေကစားသွားတာလား
အချစ်သဌေးမလေး မမနွယ် .....

ဆုတ်ရင်လည်းစူး စားရင်လည်းရူးနဲ့
တွယ်တာမိသူ ငါ့ အမှားတွေပါပဲ
စိတ်စေရာ ဝေဒနာအတွေးတွေက
သိပ်မသေခြာသေးလို့ မေ့မရသေးတာ
အကောင်းတော့မထင်လိုက်နဲ့ မမနွယ် .....

၁၅၀၀ဆိုတဲ့ အပူချစ်တွေကိုမှ
အတူမျှယူမယ်ဆိုပြီး ချစ်ခဲ့ကြတာတွေပါ
နင်ကတော့လေ သူသူငါငါနဲ့မတူ
စန္ဒာမုခိ ဘီလူးမလို ပါလားဟာ
တစ်ယောက်မကောင်းပါမှလေ
တစ်ယောက်ပြောင်းတာလည်း မဟုတ်
ငါးစိမ်းမြင်လို့ ငါးကင်ပြစ်တာလည်း
မဟုတ်ပဲ တစ်ပြိုင်နက်ထဲ
လှေနံ နှစ်ဖက်နင်းခြင်သူမျိုးပါလား မမနွယ် ....

ငါ မှားခဲ့ပါတယ်ဟာ မိုက်ရူးစွာ
အချစ်ကိုမှ ကုန်စည်တစ်ခုလို
ဈေးကစားတက်တဲ့ နင့်မာယာထဲမှာ
ငါ့ အချစ်တွေက သဲ ထဲ ရေ သွန်
ဖြစ်ခဲ့ရတာတော့ နှမြောလွန်းတယ်
ထားလိုက်ပါလေ ပြီးသွားပြီပဲ
သံသရာတစ်ကွေ့မှာ နင့်လိုလေ
မာယာကြွယ်ကြွယ် မိန်းမမျိုးနဲ့
ထပ်လို့မဆုံပါရစေနဲ့တော့လို
ဆုတွေတောင်းရင်း နင်နဲ့ဝေးရာသို့
တစ်လှမ်းခြင်း တစ်လှမ်းခြင်းပါ မမနွယ် .....

မိ သဲ ညာ သို့


မိ သဲ ညာ သို့
---------------

မချစ်လို့ မုန်းပြီဆိုမှတော့
ငါ ပြုံးမပြတော့ဘူး မိသဲညာ .....

အဖော်မပါ နေ့သစ်တွေထဲမှာ
ပျော်စရာ အထိအတွေ့တွေနဲ့
နင် မပါတာ သိနေလည်းလေ
ငါ ဖြတ်သန်းရဲသွားပြီ မိသဲညာ ....

မချစ်လို့ ထားခဲ့ရက်စက်သူနဲ့
ချစ်လို့ ကျန်ရစ်သူတို့ရဲ့လေ
လွန်ဆွဲပွဲမှာ မိုးတွေလည်း မခါး
သစ္စာရှိရှိ ချစ်သူတွေကလည်း
ဒု နဲ့ ဒေး ပါပဲ မိသဲညာ ....

အချစ်ဆိုတဲ့ အရာကိုမှ
ယစ်ချိုရည် ဝိုင်တစ်ခွက်လို
နင် သောက်သုံးနေတာတော့
နောင်မှတတဲ့ နောင်တတွေ
နင် တစ်နေ့ မရပါစေနဲ့လို့
ဆန္ဒပြုရင် နင်နဲ့ဝေးရာသို့ ငါလေူ

မောင် လို့ခေါ်ခွင့်ပြုပါ မောင်

မောင် လို့ခေါ်ခွင့်ပြုပါ မောင်
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

မောင်
♥♥♥မွန်းကျပ်ဘဝင်
♥♥♥♥♥♥♥♥♥စားမဝင်ဘူး ...
♥♥♥အတွေးလေမြူး
♥♥♥♥♥♥♥♥♥စိတ်တွေကရူး ...

တွယ်တာကာရစ် မောင့်အချစ်က
ရွှေကြာရိုးလား ကွယ်♥♥♥

အဖယ်ကခက် အမျှင်ကတွဲ
ဖြတ်သော်မပြတ် ကျစ်ခါရစ်လို့
တေမိလိုပင် ဆိတ်ဆိတ်နေတော့
နှလုံးသားက ဘယ်သောခါမှ
ရုန်းမရပြီလေ♥♥♥

နှစ်ဦးကြားမယ် မပွင့်လင်းခြင်း
နဂိုအစ သံသရမလား
မောင်ကတော့လေ ဖြူစင်ချစ်နဲ့
ဖေးမအားရယ် တွဲလို့ခေါ်ယူ
နှလုံးလှသူမို့ မောင့်ကိုလေ
ကျွန်မကဖြင့်♥♥♥♥♥♥
♥♥♥♥♥♥နှလုံးသားမှ မောင်
♥♥♥♥♥♥♥♥♥မေ့ဘဝရဲ့ မောင်
♥♥♥မောင်♥မောင်♥မောင်♥မောင်
မောင် လို့သာပင်ခေါ်ပါရစေ မောင်......

နှလုံးသားမှ ငယ်

နှလုံးသားမှ ငယ်
......................

သစ္စာလမ်းမှာ
မေတ္တာဓါတ်တွေလွှမ်းလို့
ချစ်စရာ စမ်းရေတွေ
စီးကျလာတာကိုမှ
ငါ ဖွင့်လှစ်ပြခဲ့တာပါ
နှလုံးသားမှ ငယ် ...

နယူတန်ရဲ့ နိယာမ လား
စေတန်ရဲ့ ခိုင်းစေချက်လား
သဘာဝရဲ့ အချစ်သဘောကြောင့်
အကြွင်းမဲ့ သံယောဇဉ်တွေနဲ့
နှောင်းဖွဲ့ခိုင်မြဲစွာ ကြိုးတွေကိုမှ
ငါက အရူးအမူးကျစ်ခဲ့မိတာပါ
နှလုံးသားက ငယ် ....

ငါ့ သက္ကရာဇ်တွေက ဝေဝါးဝါး
အချစ်တွေက ခပ်များများ
စိတ်တွေကလည်း ယောင်မှားမှား
သေခြာဆန်းစစ်လိုက်ကြည့်တော့
ဘယ်ဖက်ရင်အုံ လှိုင်းတံပိုးအစုံနဲ့
အလင်းထက်မြန်တဲ့ အသံတွေ
တုန်ခါသွားတာကတော့ဟာ
နင့်ကိုမှ အရမ်းချစ်မိသွားလို့ပါ
ငါ့ နှလုံးသားက ငယ် ရာ .......

မောင့် နှင်းဆီမလေး


မောင့် နှင်းဆီမလေး
♥♥♥♥♥♥♥♥♥♥♥♥♥♥

ချစ်နှင်းဆီက လှလှလေး
မောင့်ရဲ့ရင်မှာ အစဉ်အေး
သင်းကြည်မွှေးတဲ့ သခင်မလေး♥♥♥

အလှထယ်တဲ့ နှင်းဆီရယ်
မွှေးပျံနိင်လွန်း ရနံ့ကြွယ်
ချစ်သူကေသာ ဆံနွယ်ထုံး
သူကသာပင် မင်းမှုမဆုံး♥♥♥

ချစ်သူကလည်း မြန်မာဆန်ဆန်
နှင်းဆီပန်းနဲ့ လိုက်ဖက်သဏ္ဍန်
တွယ်တာမိသူ မောင့်နှလုံး
နှောင်ဖွဲ့လိုပင် ရစ်ချည်ထုံး♥♥♥
မေတ္တာကြိုးက အခိုင်ဆုံး♥♥♥
ကြင်နာမဆုံး အမြတ်နိုးဆုံး♥♥♥

မှ တစ် ပါး



..... မှ တစ် ပါး -----
****************

ရူပါကမွဲ အသားကမည်း
အသိကနည်း ဥာဏ်ကမွဲလို့
လူကဆင်းရဲ သုံးမရတဲ့
အဖက်မလုပ် သင့်တဲ့လူသားပေါ့ ...

အချစ်ဆိုတဲ့ ဝေါဟာရကို
ခက်ဆစ်တွေနဲ့ ရှာဖွေနေရင်း
လိုက်လေဝေးလေ လမ်းပျောက်နေခါ
မေတ္တာတွေပါ ငတ်နေတဲ့လူသား ...

သူသူငါငါ သူငါအများ
လူတကာကြားမှာမှ သူက
သံယောဇဉ်တွေ ကြီးမားစွာနဲ့
မွေးဖွားလာသော လူသား ....

ရေးသီနေသော ကဗျာတွေက
ကာရန်ကမပိုင် လင်္ကာမနိင်ပဲ
အရေးအသား ကလေးကလားနဲ့
ပေါက်ပန်းစေးရေနေတဲ့ လူသား ...

သူယုတ်မာတွေ ဆဲကာနေလည်း
အပြုံးမပျက် မေတ္တာဖက်လို့
ရေးချင်ရာရေး ဆွေးချင်ရာဆွေးပြီး
ပျော်ပျော်နေတက်တဲ့ လူသား ...

သူ့ ကတော့
အချစ်တွေက ခပ်များများနဲ့
မေတ္တာတွေသာ မပျက်ပေမယ့်
တန်ပြန်မှု့တွေက ခပ်ခါးခါးပါ
သို့သော်
........... မှ တစ်ပါး အခြားမရှိမို့
မျက်ရည်ဝေသီ ကဗျာစီရင်း ....

မောင့် ရတနာ

မောင့် ရတနာ
♥♥♥♥♥♥♥♥♥

ဝေလို့ ပင်လေ
ကြွေပါ နေစဲ
အနံ့ ပျယ်လည်း
ချစ် နေ မြဲ♥♥♥

ခြောက်လို့ ပင်လေ
နွမ်းကာ ကြွေစဲ
ရနံ့ ပျယ်လည်း
ချစ် နေ မြဲ♥♥♥

ဝေလို့ ပင်ကြွေ
ခြောက်လို့ ပင်နေ
ခရေ လိုပင်
ကြွေကြ ပါအုံး
နှင်းဆီ သဖွယ်
ဆူးရံ ခြယ်လို့
ရင်မှ မေတ္တာ
ချစ် သစ္စာနဲ့
မြတ်နိုး ကြင်နာ
ချစ်ရ ပါသော
မောင့် ရတနာ♥♥♥

 

တစ် ပွင့် ပန်း





တစ် ပွင့် ပန်း
♥♥♥♥♥♥♥♥♥

ဖူးငုံ ဝေဖြာ
ခင့် မျက် နှာ
ဝေဆာ နေလည်း
မ ချူ ရဲ
အလှမ်း ဝေးက
မြတ် နိုး စဲ♥♥♥

ပွင့်ပန်း တိုင်းပင်
နိုင်း မ ယှဉ်
ရနံ့ ကြွယ်သော
မောင့် သခင်♥♥♥

နွယ်မြက် သစ်ပင်
ဆေးဖက် ဝင်လို့
အချစ် သစ္စာ
တည်သော အခါ
မြတ်နိုး လှစွာ
ချစ်မိ တာမို့
တစ်ပွင့် ပန်းပင်
တင်စား လို့သာ
ခေါ်လိုက်မည်♥♥♥

လွမ်းမိပါတယ်

လွမ်းမိပါတယ်
---------------

ကဗျာအလှ ပန်းချီ

စာစသီတော့ ဖြင့်လေ

ခင့် မျက်နှာလေး ခပ်ရေးရေး

ပေါ် လို့ လာ ပြန် သေး

ရေမြေတွေက စီးကာခြား

မောင် တို့ ဆုံ ပါ မလား

ဘဝင်မအေး စိတ်မှာဆွေး

အ တွေး လေး နဲ့ ငေး

လွမ်းတာတွေကို စာသီစ

စ စခြင်းပင် ချကာရေး

လွမ်း တယ် ချစ် သူ လေး♥♥♥

သွားစမ်းကွာ ဝေးဝေးကို

သွားစမ်းကွာ ဝေးဝေးကို
------------------------------

တယ် ငါပြောလိုက်ရရင်တော့
သင်းတို့တွေ မကောင်းဖြစ်ရောမယ်
ငါလည်းမဟုတ် နင်လည်းမဟုတ်
ဘာမဟုတ်တဲ့ ခန္ဓာတွေနဲ့လေ
ပြာကျရင် ဘာမှမရတဲ့
သဘာဝကိုမှ နားမလည်ကြလေသလား ....

ငါသည်က ကဗျာဆရာလည်းမဟုတ်
ပညာရှင်လည်း မဟုတ်ပေဘူး
သိသလောက် ဥာဏ်တစ်ထွာနဲ့ရယ်
ထာဝရမဟုတ်တောင် တခဏတာ
အပျင်းတော် ပြေရအောင်လို့
နှလုံးသားအမှန်ထား ငါ့စိတ်ဓါတ်အားနဲ့
ရေးကာနေသော ကဗျာမလှ
စာမကျတွေကို နားမလည်လေရောသလား ....

မဖတ်ချင်က ကျော်ကာသွားလို့
လာလို့ပင်မစော်ကားနဲ့ပေါ့ သင်းတို့တွေနဲ့
ဖက်လို့ရိုင်းရအောင် ငါသည်က
လူ့အရိုင်းလည်း မဟုတ်ညားပါ
ဗုဒ္ဓဘာသာ ဆင်းသက်လာသမို့
အမိလည်းရှက် အဖလည်းရှက်တယ်
ဒါကြောင့်မို့ ကြိုတင်ကာလေ
တောင်းပန်လိုက်ပါ၏ ကျွန်တော်ကို
$ဖောင်းတွေ လာလာမထုနဲ့
သင်းတို့မိဘတွေအစား ဝမ်းစပ်တယ် ....

ချစ်တာပဲ သိတယ်

ချစ်တာပဲ သိတယ်
-------------------

ချစ်တယ် ချစ်တယ်

ချစ်တာပဲသိလို့ ချစ်မိနေတယ် .......

အမုန်းဆိုတာက အရူံးသမားအတွက်

ဆန့်ကျင့်ဘက်တွေ ဖြစ်ရမယ် ....

အပြုံးဆိုတာ အရူံးသမားတွေအတွက်

ဖြေသိမ့်စရာပဲ ဖြစ်ရတယ် .....

ဘဝရဲ့ အချစ်စစ်ဆိုတာကို

ဘယ်မှာဖွေ့ရှာ ရမလည်း ....

သောကရဲ့ ခြေရာတွေပဲ မဟုတ်လား

လောကရဲ့နိယာမပဲ မဟုတ်လား .....

မဖြေသာလို့ နှလုံးကျွမ်းတော့

ဝေဒနာလမ်းက ကြေငြာမယ်လေ......

ရိုးရိုးဘွင်းဘွင်း ရှင်းရှင်းလင်းလင်း

ချစ်သူရယ် ချစ်တယ် ချစ်တယ်

ချစ်တာပဲသိလို့ ချစ်မိနေတယ် .....

မောင့် ချစ်သူသို့


မောင့် ချစ်သူသို့
♥♥♥♥♥♥♥♥♥♥

မောင့်ချစ်သူဆီ ကဗျာသီလို့
ပေးပို့ချင်တယ် သည်လိုပါကွယ်♥♥♥

ပြင်မှာမတွေ့ အွန်မှာတွေ့ခါ
အချစ်စစ်များ မဟုတ်ညားလို့
ရွှေစိတ်တော်က ထင်နေသလား
သူငယ်ချင်းတွေ ပြောဖူးစကား
အမှတ်ထားလို့ မချစ်အစဉ်
ပစ်ခဲ့ပါလျှင် နွမ်းလျအသည်း
ကျွမ်းရမြဲကို သိမလားကွယ်
အတိတ်ကံရဲ့ ရှေ့ရေစက်ကြောင့်
နှလုံးသားဝယ် မုန်းမကြွယ်ပဲ
စိတ်ခြင်းနီးတာ ခင်လည်းအသိ
မောင်လည်းအသိပါ ချစ်သူရယ်♥♥♥

ချစ်သူကလေ စိတ်မရွှင်တော့
ခဏခဏပင် ဖျားနေလျှင်
မောင့်ရင်မှာ နွမ်း စိတ်တွေပင် ပမ်း
ဖြစ်ခွင့်ရလျှင် ချစ်သူ့အစား
မောင်ပဲဖြစ်ခြင် စိတ်အစဉ်ပါ
ချစ်သောသူရေ အပြင်ထွက်ရင်
ဆောင်းစရာလေး တစ်ခုယူကွဲ့
ချစ်သောခင်က နေဒါဏ်ခလို့
အပူစရင် ခေါင်းကိုက်တတ်တာ
ချစ်သောမောင်က သိနေသားမို့
စိတ်ပူတယ်လေ မောင့်ချစ်သူရေ♥♥♥

အပြင်မှပင် ပြန်လာလျှင်လည်း
ရေဝအောင်သော မောတွေပျောက်အောင်
ညနေစောင်းစောင်း အိပ်မကောင်းနဲ့
ခေါင်းတွေနောက်လို့ ဖျားနေပါမယ်
ချွေးစိုစိုလည်း ရေမချိုးနဲ့
ညဥ့်နက်နက်လည်း ခေါင်းမလျှော်နဲ့
ရေချိုးပင်လျှင် ရေပူးရေအေး
ရောစပ်ထွေးလို့ ချိုးစေခြင်ပင်
မောင့်စိတ်စဉ်ကို သိလို့နားလည်
မယာမပြော ချစ်သဘောပါ♥♥♥

ညတိုင်းပင်ရယ် ဖုန်းပြောလျှင်လည်း
မောင်နှင့်ပြောပြီး အိပ်စက်ခါနား
သည်စကားက ခင့်မျက်နှာလေး
မချောင်ပါရေး မျှော်ခါတွေးတယ်
ဆေးခါးပင်လျှင် မသောက်စဉ်မို့
ခင်မဖျားရေး ပြောမှာပေးရင်း
ဂရုစိုက်ထား မောင့်စကားက
တစ်မိုးအောက်မှာ မဖောက်လွဲ
ခင့်အနားမှာပဲ သေချင်တယ်♥♥♥

သစ္စာမပြယ်ခဲ့ပါဘူး လှိုင်

သစ္စာမပြယ်ခဲ့ပါဘူး လှိုင်
-------------------------

တစ်နှစ်ကူးတော့မယ်
ချစ်ဦးသူ လှိုင်ရေ ...

ထားခဲ့ကြ ကတိ
တွယ်ငြိခဲ့ သံယောဇဉ်
နင် မကြင်နာ တမင်ခွာစိမ်းပေမယ့်
ဒီရင်မှာ မေ့မရသေးတာက
ငါ့ အချစ်တို့ စစ်ခဲ့လိုပါ လှိုင် ....

မလွမ်းတက်သူက လမ်းခွဲခဲ့ပေမယ့်
လွမ်းအသည်းနဲ့ လူ ကလေ
မရွှင်အသဲမှာ ရင်ကွဲနာသာ
ကျန်ခဲ့ရတာပ လှိုင် ....

ငါ့ အပြောတွေ ကောင်းလို့
စိတ်ကစား မိတာတဲ့လား
ပြောထွက်တဲ့ စကား တစ်ခန်းတစ်နားပါပဲ လှိုင်
လွပ်လပ်မှုတွေ ပေးခဲ့ပြီးသားပါ
အများသူငှာ ပြောသမျှတွေကို
ရင်စည်းကာခံရင်း လည်စင်းကာထားသူကိုမှ
သစ္စာမရှိသူလို နင် ကတော့ပြောပြီး
ထောက်ထားမညှာပဲ နောက်ဇယားတွေနဲ့
ဖောက်ပြားနေတာက ငါ လား နင် လား လှိုင်ရယ် ...

နင် ထားသလိုနေ နင် ပျော်ရင်ပြီးတာပဲလို့တွေး
ခပ် အေးအေးလေး ငါ နေပေးခဲ့ပါတယ် လှိုင်
ငါ မတွေးတော့ဘူး မလွမ်းတော့ပါဘူးရယ်လို့
စိတ်အတွေးဝယ် တေးမှတ်ထားပေမယ့်
အမှတ်ရစရာတွေ မြင်တိုင်း ဘယ်ဘက်ကနှလုံး
လှိုင်းတစ်ပိုးတွေ တုန်တုန်သွားမိလို့ပါ
အရမ်းချစ်ခဲ့သူနဲ့ အချစ်ကစားသူတို့ရဲ့
နှလုံးသားတိုက်ပွဲမှာ လိုက်ပွဲမပါပဲ
သစ္စာမြဲတဲ့ အသဲတစ်ခြမ်း နင့်အတွက်
အမြဲများ လွမ်းနေမလား မသိတော့ပါဘူး
ငါ့ ကိုမချစ်တဲ့ ငါ့ ချစ်သူ လှိုင် ရယ် .....

နားလည်ကြစေ ချစ်မိတ်ဆွေ

နားလည်ကြစေ ချစ်မိတ်ဆွေ
===============

သဘာဝရဲ့ တရားကိုမှ
ဘာလို့များ တို့တစ်တွေက
ပကာသန အမှားတွေနဲ့
ပိုင်းဖြတ်နေကြ မလည်းနော် ....

ဆင်းရဲချမ်းသာ အတိတ်ကံပါ
လူကိုလူခြင်း စာနာကင်းလို့
သူလည်းမဟုတ် ငါလည်းမဟုတ်
အပုတ်ကောင်တွေ ရုပ်ဆောင်တာကို
မကောင်းစိတ်မွေး ယုတ်မာရေးနဲ့
ကိုယ့်ထက်သာက ရန်လိုရေးတွေ
မရှိအစဉ် ကင်းကြပါလျှင်
တို့စိတ်တွေများ အေးချမ်းအစဉ် ....

နှောင်းအတိတ်ရဲ့ ဘဝကံကြောင့်
တောင်းလို့စားနေ နူနေလျှင်လည်း
ရူကာမြင်ကြည့် လူ့အသိနှင့်
ကြီးသူရိုသေ ငယ်သူသနား
ရွယ်တူလေးစား ဥာဏ်ခွန်အားနဲ့
တန်ဖိုးလေးတွေ ထားတက်ပါလျှင်
တို့စိတ်တွေလည်း သာမယ်အစဉ် .....

ကိုယ့်ထက်နိမ့်ပါး ဆင်းရဲသားအား
ကဲ့ရဲ့တစ်မျိုး ပြစ်ပယ်ဆိုးနဲ့
စိတ်ဝယ်မထား သဒ္ဒါအားရွှင်
ရိုင်းပင်းလို့ပင် ရှိကြပါလျှင်
တို့နှလုံးသား လှပထာဝစဉ် ......

Saturday, September 7, 2013

ခပ် ဝေး ဝေး



ခပ် ဝေး ဝေး
-------------
မေတ္တာတွေ ငတ်ခဲ့သူမို့

မေတ္တာ သုတ်တွေနဲ့ရယ်

ရင်ထဲက အချစ်တွေကို

လှစ်ကာပင် ထုတ်ခဲ့ပေမယ့်

ချစ်တဲ့သူ သည်းဆိုင်ဦးက

နှစ်ပါးပင် မကြည့်မွေ့ချင်တော့

ဟန်ဆောင်ကာ တစ်မင်စိမ်းပါလို့
ချစ်လျက်နဲ့ပြေး ခပ်ဝေးဝေး ....

မုန်း မ မ

မုန်း မ မ
+++++

အပြုံးလှလှတွေနဲ့လေ
အမုန်းခါးခါး တွေကိုမှ
အသုံးတော် ခံပြသွားတဲ့
မုန်းမမ ညာပလီရေ ....

ပုန်းရှောင်နေတဲ့ အသည်းကိုမှ
မာယာတွေ ကဋေကုဋာနဲ့
သေခြာစွာ ဝင်လာတာပ
အကာအချစ် သကာအချစ်
အပျော်ချစ်ဆို မလာပါနဲ့လား
ခုများတော့ ရင်အေးကာအိပ်မရဘူး
အတွေးတစ္ဆေ ပွေကာနေတော့
ရူးကျန်ခဲ့ရ ငါ့ ဘဝက
မျက်ရည်မိုးတွေ သွန်းဖြိုးဆွေ ....

ငါ့ကိုယ်သာပင် အချစ်ဆုံးလို့
ပရိရာယ်ကြွယ် ဥာဏ်မယ်မယ်နဲ့
ဂုဏ်ဓနက သုညမို့လား?
ငါ့ရုပ်ရည်က နုံချာနေလား?
အကျီးတန်တဲ့ အသည်းမည်းနဲ့မှ
ငါးစိမ်မြင် ငါးကင်ပြစ်သူမို့
နင့်အတွက် ဆုခြွေလိုက်ပါရဲ့
နောင်ဘဝဆိုတာ ရှိခဲ့ပါက
နင့်လိုလူမျိုး နင့်လို့အချစ်မျိုးတွေ
ဝေးပါစေသား ဝေးစေသားကွယ်
မုန်း မမ ရယ် .....

အမေ့ ချွေးမလေး


 
အမေ့ ချွေးမလေး
-----*****-----

အမေ့ ချွေးမ
လူလည်လေး ---

သားကို တွေ့ရင်
ရှောင်ကာပြေး ----

ချစ် သလားလို့
ခါခါမေး ----

မသိ ခြင်ယောင်
ပြုရက်ငေး ----

တော်တော် ဆိုးတဲ့
ကောင်မလေး ----

သူ့မျက်နှာက အစဉ်အေး
သားရင်မှာတော့ ရင်ခုန်နွေး
အမေ့ချွေးမ လှလှလေး ....

သိ ပါ တော့ မောင်


သိ ပါ တော့ မောင်
- - - - - - - - - -
ရင်ထဲက အချစ်တွေကို
ဖွင့်ဟကာရယ် ပြောပါမှ
သိမှာတဲ့လား မောင် ....

မောင်မမြင် မောင်မသိပေမယ့်
မောင်သိရင် ကျေနပ်ပါရဲ့လို့
သွယ်ဝိုက်ဥာဏ်နှယ် မာယာဟန်နဲ့
စိတ်ခြင်းနွယ်ကာ နှလုံးသားပင်
နီးကာနေလို့ ဖွင့်မပြောညား
မသိပါလား မောင် ....

ကျွန်မကလေ မိန်းမသားမို့
မချစ်သောသူဆို ယောင်လို့ရယ်ပင်
viber တစ်သွယ် ဖေ့ဘုတ်ရယ်နဲ့
နှစ်ကိုယ်ကြားတွေ ဘာလို့ပြောမလဲ
စဉ်းစားကြည့်ပေါ့ မောင် ....

ရွှေရင်ယိမ်းလို့ တွယ်တာကျွမ်းပ
မတိမ်းပဲနဲ့ စိမ်းရမလား?
မပြောပဲနဲ့ မသိဘူးလား?
လူနုံကြီးရယ် လူအကြီးလို့
ရွဲ့ကာမဲ့ရင်း ပြောလိုက်ချင်ပေါ့
သိ သိ ပါ တော့ မောင် ....
 
 

အသက်တစ်မျှပါ ခင်


အသက်တစ်မျှပါ ခင်
♥♥♥♥♥♥♥♥♥♥♥♥♥♥
Photo: အသက်တစ်မျှပါ ခင်
♥♥♥♥♥♥♥♥♥♥♥♥♥♥

တင့်လှပေဟန်
သူ့သဏ္ဍာန်က
ပြိုင်ဖက်တုကင်း
လှအဆင်းမို့
ချစ်မိပါသကော ခင်♥♥♥

ဝင်းလဲညွှတ်ပြောင်း
ဆံနွယ်နှောင်းက
ကေသာနက်နက်
ဆံမှိတ်ယှက်လို့
စွဲမိပါသကော ခင်♥♥♥

လှပပျိုမျှစ်
မောင့်အချစ်ဖြင့်
မပစ်မပြောင်း
စိတ်အကြောင်းက
သစ္စာမပျက်
မေတ္တာဖက်လို့
သွေခွာမပြေး
အသက်ပေးရင်း
တစ်မိုးအောက်မှာ
မဖောက်လွဲကာ
လက်တွဲဖော်ပဲ ဖြစ်ရမည်♥
မောင့်အချစ်ဖြင့် သက်သေတည်♥
အသက်တစ်မျှ သိပ်ချစ်သည်♥♥♥ 

(ချစ်ရသူလှိုင်မင်း)
တင့်လှပေဟန်
သူ့သဏ္ဍာန်က
ပြိုင်ဖက်တုကင်း
လှအဆင်းမို့
ချစ်မိပါသကော ခင်♥♥♥

ဝင်းလဲညွှတ်ပြောင်း
ဆံနွယ်နှောင်းက
ကေသာနက်နက်
ဆံမှိတ်ယှက်လို့
စွဲမိပါသကော ခင်♥♥♥

လှပပျိုမျှစ်
မောင့်အချစ်ဖြင့်
မပစ်မပြောင်း
စိတ်အကြောင်းက
သစ္စာမပျက်
မေတ္တာဖက်လို့
သွေခွာမပြေး
အသက်ပေးရင်း
တစ်မိုးအောက်မှာ
မဖောက်လွဲကာ
လက်တွဲဖော်ပဲ ဖြစ်ရမည်♥
မောင့်အချစ်ဖြင့် သက်သေတည်♥
အသက်တစ်မျှ သိပ်ချစ်သည်♥♥♥
 

သေခြာစဉ်းစားပါ ရှင်

သေခြာစဉ်းစားပါ ရှင်
-------------------------
မိန်းမသားမို့ မိဝေး ဖဝေး
မွေးရပ်ဝေးလို့ နိင်ငံရပ်ခြား
တိုင်းတစ်ပါးမှာ မပျော်တစ်ဝက်
ပျော်တစ်ဝက်နှင့် ခြွေတာစုဆောင်း
နည်းလမ်းကောင်းနဲ့ ပို့ကာလစဉ်
ထာဝရစဉ်မို့ ရင်ဝယ်မှန်းစ
မျက်ရည်များဖြင့် တမ်းတတယ် .....

သူစိမ်းစကား သွေးထိုးညားကာ
ယောင်လို့ပင်လေ လာမပြောနဲ့
နိင်ငံရပ်ခြား တိုင်းတစ်ပါးမို့
ထမိန်ဆိုတာ ဝတ်ဖို့အရေး
ဘယ်လိုပင်တွေး ရမလဲလေ
အဖေမြန်မာ အမေမြန်မာ
မွေးဖတူရင်း ဗုဒ္ဓဆင်းတယ်
မြန်မာစစ်စစ် လူမျိုးချစ်မို့
သေလျှင်ပင်လေ အမိမြေမှာ
ခေါင်းချသွားမယ့် မိန်းကလေးပါ ရှင် .....

မတော်တန် အတွေးတွေနဲ့တော့
မလျော်ကံ စကားတွေကို
မပြောကြေးပေါ့ ခုတော့
မောင်မင်းကြီးသား ရှင်တို့များက
ဘောင်းဘီဝတ်တာ ရိုင်းသတဲ့လား
ခေတ်အလိုက်ရယ် ခေတ်အကြိုက်နဲ့
ဝတ်ရရိုးလည်း မဟုတ်ရိုးပါ
သူနိင်ငံမို့ ဇရိုက်ပုံဖော်
ဝတ်ရတာကို မသိတာလားနော်
အချိတ်ထမိန် ပိုးလို့တမ်းတ
လွမ်းကာငိုရ ခဏခဏကို
ဘယ်သူကမြင် ဘယ်သူသိမလည်း
ပြောပြစမ်းပါ ရှင် .....

ညစဉ်ရို့ကျိုး ရှစ်တွေခိုးရင်း
သက်ဝင်ယုံကြည် အရွယ်လွန်ပေါ့
အဝေးမြေမှ ဆွေးစိတ်ပိုကာ
နှလုံးမခြား စောင့်တရားက
ဗုဒ္ဓဟောကြား မြတ်တရားမို့
စိတ်ဝယ်အေးချမ်း ပီတိဖြန်းတယ်
ဘဝနှလုံး လွန်ရွှင်ပြုံးတယ်
မကောင်းတာတွေ လာပင်မပြောနဲ့
ကျွန်မကလေ ရိုးရာအမွေကို
တန်းဖိုးထားတဲ့ ဗုဒ္ဓဘာသာ
မိန်းကလေး စစ်စစ်ကြီးပါ ရှင် ....

မူပိုင်ရှင်ကြီး မမခိုင်

မူပိုင်ရှင်ကြီး မမခိုင်
>>>>>>>>>>
Photo: မူပိုင်ရှင်ကြီး မမခိုင်
>>>>>>>>>>

ချစ်ကြောင်းကုန်စင်ကို
မဖွင့်ဟခင်တုန်းကပေါ့
အသာမိကော လား
သာမိကောလားလို့
ငါရဲ့နူတ်မှ မေးခဲ့ဘူးတယ် မမခိုင် ....

အချစ်အညာပိုင်လို့ နင်ကလေ
သစ္စာတွေ ယိုင်ခဲ့ပေမယ့်လည်း
ငါကတော့ နှစ်တစ်ရာမတိုင်ပေမယ့်
မေတ္တာတွေ ခိုင်ခဲ့ပါတယ် မမခိုင် ....

နှလုံးသားဝယ် အရည်ပျော်လို့
မေတ္တာမဏ္ဍိုင် ကိန်းဝပ်လာတော့
ချစ်တယ်လို့လေ ဖွင့်ဟတုန်းက
အပြုံးကချို ဟန်မူပိုရင်း
မညှာမတာ အသည်းစားသုံး
ပျားပိတုန်းထက် ဆိုးပါလား မမခိုင် ....

ခုတော့လေ
ငါ့နှလုံးသား နုနုနယ်မှာ
မုန်းတရားတွေ စုကာတွယ်တော့
နင့်ကိုလေ နာမည်တစ်လုံးရယ်နဲ့
တင်စားကာ သုံးလိုက်စမ်းချင်ပ
သစ္စာလည်းယိုင် မေတ္တာကမခိုင်လို့
ဩော် 
မူပိုင်ရှင်ကြီး မမ ခိုင် ...... 
ချစ်ကြောင်းကုန်စင်ကို
မဖွင့်ဟခင်တုန်းကပေါ့
အသာမိကော လား
သာမိကောလားလို့
ငါရဲ့နူတ်မှ မေးခဲ့ဘူးတယ် မမခိုင် ....

အချစ်အညာပိုင်လို့ နင်ကလေ
သစ္စာတွေ ယိုင်ခဲ့ပေမယ့်လည်း
ငါကတော့ နှစ်တစ်ရာမတိုင်ပေမယ့်
မေတ္တာတွေ ခိုင်ခဲ့ပါတယ် မမခိုင် ....

နှလုံးသားဝယ် အရည်ပျော်လို့
မေတ္တာမဏ္ဍိုင် ကိန်းဝပ်လာတော့
ချစ်တယ်လို့လေ ဖွင့်ဟတုန်းက
အပြုံးကချို ဟန်မူပိုရင်း
မညှာမတာ အသည်းစားသုံး
ပျားပိတုန်းထက် ဆိုးပါလား မမခိုင် ....

ခုတော့လေ
ငါ့နှလုံးသား နုနုနယ်မှာ
မုန်းတရားတွေ စုကာတွယ်တော့
နင့်ကိုလေ နာမည်တစ်လုံးရယ်နဲ့
တင်စားကာ သုံးလိုက်စမ်းချင်ပ
သစ္စာလည်းယိုင် မေတ္တာကမခိုင်လို့
ဩော်
မူပိုင်ရှင်ကြီး မမ ခိုင် ......

Thursday, September 5, 2013

ကွဲစမ်းကွယ်

ကွဲစမ်းကွယ်
-------------

မဖြစ်နိင်မှန်း သိပါရဲ့

ရင်နင့်နင့် ချစ်ခြင်နေတဲ့

ကောင်စားပါလား .....

ပေးသူ ယူသူ

မညီမျှလေတော့

နှစ်ထပ်ရှိမှ

မှတ်မည့်အသည်း

ကွဲ စမ်းကွယ် လို့ ...




စိတ်တွေက နွမ်း

စိတ်တွေက နွမ်း
-------------------

လွမ်း လေ တွေ ညှင်း
ပန်း တွေ က သင်း
အ ဖော် လည်း ကင်း
ရင်ထဲမလင်း နှိပ်စက်ခြင်း .....

အ လွမ်း က နွေ
ပန်း သ မျှ ကြွေ
နွမ်း လျ ကာ နေ
မသိပါလေ ရက်တာရှည် ....

ကျွမ်း လို့ ရယ် မှိုင်
စိတ် မှာ တော့ ထိုင်
မျက် ရည် က လှိုင်
နှလုံးသားလည်း ပျက်ကြွေယိုင် .....



အဝေးဆုံး သို့

အဝေးဆုံး သို့
--------------

ဗေဒါလိုမှ ငါ့ ဘဝက
ရေ မှာတောင် မပြောနဲ့
ကမ်းစပ်မှာတောင်မှ
ကြာကြာ မကပ်ပါလား ..

သေခြာ ဆန်းစစ်တော့
အချစ်နွံ့ မှာမှ
သံယောဇဉ် ကြီးတဲ့
ဩော်
လူသား အဖြစ်ပင်
မွေးဖွားခဲ့လေ သလား ...

ခုတော့
အရာ အားလုံးကိုလေ
ဒူးထောက်ကာ လည်စင်းရင်း
နှလုံးသားမှ သည်ချစ်ခြင်းတွေကို
နောက်ဆုံးကဗျာတစ်ပုဒ်နဲ့ အသက်သွင်း
ငါ အဝေးဆုံးသို့ သွားပါတော့မယ်
ချစ် သူ ရယ် လို့ ....



ဆုတောင်းပဏ္ဍာ



 ဆုတောင်းပဏ္ဍာ
-----------------

စိတ်ဝယ်နှလုံး ပီတိဖုံး
အစဉ် အေးချမ်းကြပါစေ ...

မေတ္တာရေဖြန်း စိတ်ဝယ်လန်း
ကောင်းမှုများများ ပြုနိင်စေ ...

ဒေါသရှေ့ထား ခိုက်ရန်ပွား
ရှောင်ရှားကြစေ ချစ်မိတ်ဆွေ ....

မင်္ဂလာနေ့ရက် အခါခါဆက်
ဆုတောင်းလို့ခြွေ များဝေနေ ....

ထိုင်နေရင်ညား အရဟံပွား
ရှောင်းရှားနိင်ပေ ဘေးဆိုးထွေ ...

ကြီးနိင်ငယ်ညှင်း ပြုကျင့်ခြင်း
မပြုအပ်ပေ တို့မိတ်ဆွေ ....

ဘာသာတရား ယုံကြည်ညား
ယုတ်မာသူဘေး လွတ်ပါပေ ....

စိတ်လေးရယ်မှ နှလုံးလှ
သောကမီးများ ဝေးကြစေ ....

ဆုတောင်းသမု ကျွန်တော်ပြု
များသူငှာတို့ ရကြစေ ....

အဲတာမှ ဗုဒ္ဓဝါဒ မြန်မာမင်္ဂလာပေ .....

မောင့်အသက်သေမှ ဖြစ်တော့မည်

မောင့်အသက်သေမှ ဖြစ်တော့မည်
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ဝေဒနာတွေ ကံသင့်သူမို့
ကြေငြာရန် မသင့်ပေမယ့်
မဖြေသာ နွေတစ်ရာပူလို့
ဖွင့်ကာသာပင် ပြောပါရစေတော့
နားနဲ့မနာ နှလုံးသားနဲ့နာခါ
ခံစားကြည့်ပါ ချစ်သော ခင်ရယ်♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ခင့်အပေါ်ထားတဲ့ မောင့်ချစ်ခြင်းကို
နှစ်မွှာအသည်းမှာ ရင်ခွဲလို့သာလေ
ပြလို့ရရင် ပြလိုက်စမ်းချင်ပါရဲ့နော်
ဘာသာရယ်မတူ တမင်ကျီစားလို့များ
ပြောနေသလားလို့ မယုံတစ်ဝက်
ယုံတစ်ဝက်နှင့် ဓါးထက်ထက်နဲ့မှ
မောင့်ရင်ကိုခွဲ ပျော်ပါရဲ့လားကွယ်လို့
မမေးရက်တော့ပါဘူး သည်းဆိုဦးရယ်♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
မောင့်ရဲ့အချစ်တွေ မည်မျှရှိလဲ
မမေးစမ်းနဲ့ မစမ်းသပ် စမ်းပါနဲ့လား
အမေပေးသော အသက်ကိုမှလေ
ခင့် အတွက်သာပင် ရည်စူးလို့
အဲဒီလောက်ထိ မောင် ဟာအချစ်ရူးပါ
အချစ်ဦးကိုယ်စီ မဟုတ်ကြပေမယ့်
ခဲမှန်ဖူးတဲ့ စာသူငယ်လေးက
မေတ္တာအချစ်တွေ ငတ်ခဲ့ရသူမို့
ဒုတိယအကြိမ် မောင့် အသည်းတွေ
ကွဲလိုက ကွဲပါစေတော့ရယ်လို့
သေဘေးကိုတဲ့ မမြင်သာပဲ
ချစ်မိတဲ့ ဝေဒနာတွေကို
မောင် ဖွင့်ဟမိခဲ့တာပါ ခင်ရယ်♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
အချစ်များ မည်သည်မှာတော့ကွယ်
ဆင်းရဲချမ်းသာ မရှိပါဘူး
စီပွားရေးနဲ့ လူမှုရေးလည်း
ရောထွေးကာမသွား မောင်သိညားပါ
ယုတ်စွအဆုံး ဘာသာကမတူ
လူမျိုးရယ်ခြား ဖြစ်လင့်ကစားအုံး
ချစ်သူတွေတော့ ဖြစ်သွားကြတာ
အချစ်ဆိုတဲ့ သံယောဇဉ်ကြိုးက
ဖြတ်လို့မလွယ်သော နွယ်တစ်ပင်အလား
လောကကြီးရဲ့ နိယာမတရားပါ ခင်♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ခင်တို့ဘာသာ ခင်တို့သာသနာက
သူများလည်လှီး ပျော်စည်တီးလို့
သွေးစိမ်းရှင်ရှင် ထွက်ကာကြမှ
ဝမ်းဝပါသလား? ပြောပြစမ်းပါ
ဘာသာရယ်မတူ မျိုးနွယ်ရယ်ခြား
မောင့်ဘာသာရော ဝင်နိင်ပါသလား ?
ခင်တို့ဘာသာ မောင်မစော်ကားလို့
ခင်တို့သာသနာလည်း မကောင်းမပြောပါ
မောင်တို့ဘာသာ မောင်တို့သာသနာက
ဗုဒ္ဓဟောကြား မြတ်တရားမှာ
ဓမ္မဒေသနာ ရှိနေသားလေ
သူ့လည်ကိုလှီး ဝမ်းဝမယ့်ခရီးတော့
ကံတစ်ပါးကိုပင် ချိုးဖောက်ပါလို့
မလျှောက်လှမ်းပါရစေနဲ့လား ကွယ်♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
အပျော်လည်းမချစ် အသစ်လည်းမရှာ
ဘဝအဖော်ပါလို့ မှတ်ထင်ထားသူက
ခုများဆို အစဉ်ဝေးတော့မှားလားလို့
ရင်အေးကာ စားလို့မဝင် အိပ်မပျော်ဘူး
မချစ်လို့မှ မဟုတ်တာပဲ ချစ်သူရယ်လေ
အသက်တစ်မျှပင် မောင်ချစ်ပါရဲ့နော်
ဆုတ်ရင်လည်းစူး စားရင်လည်းရူးနဲ့
မထူးတော့မဲ့ သည်အခြေအနေမှာ
သေသွားတာမှ ကောင်းလိမ့်မယ်လို့
မောင် ထင်မိပါတယ် ချစ်သောခင်ရယ်♥

မည်သူ ကယ်မည်နည်း

မည်သူ ကယ်မည်နည်း
-----------------------
 အို အသင်လောကကြီးရေ
ကျွန်တော် ကျွန်မတို့က
မွေးမြေရပ်ခြား တိုင်းတစ်ပါးမှာ
သောက်စားပျော်ပါး မူးရစ်ညားလို့
ပျော်နေမည်များ ထင်နေပါ တကား ...

မိဝေး ဖဝေး မွေးမြေဝေးလို့
နိင်ငံရပ်ခြား အော် မလေးရှားမှာ
သူဘာသာလည်း မစော်ကားလို့
သူစည်းစိမ်လည်း မလုပါးပါ
နဖူးကခြွေး ခြေမကျမှ
ရတာလေးတွေ စုကာစောင်းရင်း
မွေးမိခင်နှင့် ဖခင်သညာ
ညီရင်းနှမ သူသူငှာတွက်
အပျော်ဆိုတာပျက် ဘဝဆိုတာတွေ
မတွက်ခဲ့ပါပဲ လစဉ်ရယ်ပင်
ပို့ကာ အစဉ်ပေါ့ ....

ငွေအသပြာတွေ ကြွေကာမကျပါဘူး
သူကန်တာခံ သူပေးတာယူရင်း
အိုသမားရော အမှန်သမားပါ
ကြောက်ခါနေရ ကျွန်တော်ကျွန်မတို့
ဘဝတွေကို ဘယ်သူကများ
မြင်ကြည့်ဖူးသလဲ တွေးကြည့်ဘူးသလဲ.....

ခုများဒီမှာ ကိုအော်ပါရီစီကြောင့်
မျိုးဆွေညာရင်း ကျုပ်သားချင်းတွေ
စားလို့မဝင် အိပ်လို့မပျော်
သနားပါအော်လို့ ဟင်း စိတ်ဆင်းရဲခြင်း
ဘယ်သူမှ မကင်းပါ တကား ....

ကဲကဲ နိင်ငံဝန်ကြီး ကိုသံရုံက
ဖုန်းဆက်မကိုင် လင်းတမှိုင်ငိုင်လို့
အသင့် သားသမီးများအရေး
မည်သို့တွေးသလဲ မျှော်လင့်စောင့်စား
အချုပ်ခန်းနဲ့ ညားသတဲ့လားကွယ် ....


 

သူ

သူ
----

ကျွန်တော်ရဲ့လေ

နှလုံးသားတင်မကပါဘူး

သူ့ ပုံရိပ်လေးတွေက

ဖုန်းဆိုတဲ့ ဟမ်းစက်မှာရော

ကွန်ပြူတာလက်တော့ လေးမှာရော

ချစ်သူပုံလေးတွေက

မင်းမှုကာ နေယာယူလို့ .....

Tuesday, September 3, 2013

ယုံကြည်ပေးပါ ခင်(ခ) အရမ်းချစ်လို့ ပါ ခင်

ယုံကြည်ပေးပါ ခင်(ခ) အရမ်းချစ်လို့ ပါ ခင်
------------------- **************

ကန္တာရ ခရီးကို ဖြတ်ရဲမှတော့
အိုအေစစ်တွေ မလိုပါဘူး ခင် .....

အချစ် ဆိုတာတွေက
သည် ရင်မှာဖြစ်တည်၍
ထပ် ရှင်သန်လာလေတော့
ဒုတိယံမိ အသည်း ကွဲလိုက
ကွဲ ပါစေတော့ရယ်လို့
ပွင့်လင်းစွားနဲ့ ရင်ဖွင့်ပြခဲ့မိတာပါ ခင် ....

အွန်လိုင်းဆိုတာ သိပေမယ့်
ရိုးသားစွာ ချစ်ခွင့်တောင်းမိခြင်းပါ
မေတ္တာငတ်သူမို့ မေတ္တာသုတ်တွေနဲ့
လှစ် ကာထုတ်မိတာကလည်း
လူရယ်လို့ဖြစ်တည်လာတဲ့ ကမ္ဘာဦးအစ
ဟိုး ယခင်လူသားတွေ ကတည်းကပါ
မေတ္တာဟာ အေးမြပေမယ့်
ချစ်တဲ့သူတိုင်း မညားကြတာကလည်း
လောကကြီးရဲ့ နိယာမပါပဲ ခင် ....

ရင်ထဲကအချစ်တွေကို ပြောပြဖို့
ဝေါဟာရ အနက်အဓိပ္ပါယ်တွေကို
ရှာဖွေ့လို့ မတွေ့သေးတာလည်း
အချစ်ဆိုတဲ့ ခက်ဆစ်ကြီးကလေ
အရမ်းကြီးကျယ် လွန်းနေတယ် ခင် ....

မှန်သောစကားတော့ ဆိုပါမည်လေ
အကို့ အချစ်က ခန်းခြောက်တက်တဲ့
ရေအိုင်တော့ မဟုတ်ရပါဘူး
မှန်းစလို့ မရတဲ့ ပင်လယ်ပြင်ပါ
ခင် ပစ် လိုက ပစ် ကမ်း လိုက ကမ်း
အဆုံးဆိုတဲ့ ဇတ် မှာတော့ အပြုံးတွေနဲ့
နှစ်ယောက်အတူတူ ပျော်ရွှင်ချင်မိတယ်
မချစ်ထိုက်လို့ မုန်း မည်ဆိုကလည်း
ချစ်မိသူ အသဲကြွေပြုန်းသလို
ဘဝတွေ အမြဲသေဆုံးသွားမှာတော့
ယုံကြည်ပေးပါ ချစ်ရတဲ့ ခင်ရယ် .....


 

သော့ခတ်ကာပဲ ထားတော့မည်



သော့ခတ်ကာပဲ ထားတော့မည် 
---------------------------------

ဖေ့ဘုတ် တစ်ခွင်
ခြေရာ ထင်လည်း
မင်္ဂလာ ပါ
ချစ်သူ ရယ်လို့
အများ သူငှာ
နူတ်ဆက် တာများ
စိတ်ဝယ် နှလုံး
ပီတိ ဖုံးတယ် ....

ငါ များ ဘယ်ခါ
နူတ်ခြွေ မလဲ
သူသူ ငှာငှာ
မေးကြ ကုန်သော်

ဘဝအဖော် မဖြစ်ပဲ
ခဏ လှော်ချစ်သွားတဲ့
အပျော် ချစ်တွေဆိုရင်
ကြောက် လှသူမို့
သံယောဇဉ် တွေ
ကွယ်ကာ ချုပ်ရင်း
နှလုံးသား ကိုလေ
သော့ခတ်ကာပဲ ထားတော့မည် .....

မိပန်းဝေ သို့


မိပန်းဝေ သို့
)))))))))))))

အလွမ်းသမား ဘဝမို့
အလွမ်းတွေ ထပ်နေတာ
မဆန်းပါဘူး ပန်းဝေ ရယ်...

လမ်းခွဲတာ ဝမ်းနည်းစရာ
မဟုတ်ခဲ့ ပေမယ့် မှန်းချက်နဲ့ 
နှမ်း ထွက်မ ကိုက်ခဲ့တာတော့
ငါ ရင်နာရမှာလား ပန်းဝေ ရယ် ...

အချစ်ဆိုတာ ပေးတဲ့သူနဲ့
ယူတဲ့သူတွေ ကြားမှာပေါ့
ပေးတဲ့သူနဲ့ ယူတဲ့သူက
နားလည်မှုတွေ ယုံကြည်မှုတွေ
သစ္စာရှိမှုတွေနဲ့သာဆိုရင်
ဘယ်သူခွဲခွဲ လက်တွေမြဲခဲ့မှာပါလေ
ခုတော့ကွယ်
ဘယ်လောက်ပင်ပေးခဲ့ ပေးခဲ့
မညှာတာ နာမ်စားသုံးလို့
ဒီရင်ခွင်ကမ္ဘာကိုမှ နင် လေ
နင်းခြေ စားသုံးသွားတာတော့
အလွမ်းသက်သက် နဲ့သာ
အလှမ်းခက်ခက်ပဲ ကျန်ခဲ့ပါတယ် 
       အချစ်ဆရာမကြီး ပန်းဝေ ရယ် .....
 
 

အဝေးရောက် ချစ်သူမောင့်ထံသို့



အဝေးရောက် ချစ်သူမောင့်ထံသို့
-----------------------------------

ဝါဆိုဝသန်
ပြိုနေတဲ့ မိုးစက်တွေကြားမှာ
ကျွန်မ မျက်ရည်စတွေနဲ့အတူ
အရမ်းသတိရနေမိတယ် မောင် ...

ပန်းပေးရင် အလှမ်းဝေးမှာ
ကြောက်တဲ့ မောင် ကလေ
ပန်းဆိုတာ မပေးခဲ့ပါပဲ
ဒေါနပန်းတွေ သောကဆန်းလို့
မုန်းဖို့ လက်တို့ မျက်ရည်စို့မှ
ခွဲခွာအဝေး ထွက်လို့ပြေးသလား မောင် ...

တစ်နိင်ငံရယ် ရေမြေခြားလို့
စာကဗျာတွေ အမှာတော်ပါးပေမယ့်
ကာရန်မပိုင် လင်္ကာတွေမနိင်တဲ့
အချစ်သမလေး ဘဝပါ မောင် ...

သိကြားစေ သက်သေညွှန်းလို့
ဝါဆိုဝသန် မိုးစက်တွေကို
တိုင်တည်ရင်း သစ္စာပြုနေမိတယ်လေ
ကျွန်မချစ်ရတဲ့ ကျွန်မချစ်သူ
မောင် တစ်ယောက်တော့ဖြင့်
ဘေးအန္တာရယ် အသွယ်သွယ်ဝေးလို့
မဝေးသောတစ်နေ့ မနီးသေးသောရက်တွေမှာ
လွမ်းရ အခါခါ ကျွမ်းရ ဗျာပါ
စိတ်ဝယ်ဖိစီး အချစ်ခရီးကို
မနှေးအမြန် နီးပါစေကြာင်း
ဆုတွေသာ အကြိမ်ကြိမ် ကျွန်မလေ
တောင်းနေမိတယ် မောင် ရယ် ....