ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, August 31, 2013

ကျွန်မက တောသူပါ မောင်



ကျွန်မက တောသူပါ မောင်
---------------------------

ကျွန်မကတောသူပါ မောင်
သဘောကတော့ ဖြူပါ ရှင် ....

တော်သူဆိုပြီး မတော်တန်အကြည့်တွေရယ်
မလျော်ကံ အနားတော့ မကပ်လေနဲ့
စိန် ရွှေ ငွေ ဆိုတာတွေကလေ
လောကရဲ့ ပကာသနတွေပါ
ဆန်ပေးမှ ဆီရဆိုသလို
ရွှေစွန်ညို ဘာလိုလို့ ဝဲသလဲ
အသဲခြင်းတူရင် ကြည်ဖြူမပေါ့
ဘာအရောင်မှ မပါ ပါနဲ့လား ရှင် ....

ခေတ်ရှေ့ကိုလည်း မပြေးချင်ပါ
ခေတ်နောက်တော့လည်း မကျပါဘူး
မိတ်ကပ်ဆိုတဲ့ အသုံးဆောင်က
သနပ်ခါး လူးထားတဲ့ ကျွန်မပါးက
ပါးကွပ်ကြားလောက်တော့
မမွှေးပျံနိင်တာ ရှင်မမြင်ရှင်မသိလေသလား ...

ဘုရားရယ် တရားနဲ့ မိဘရိုသေ
အဖိုးထိုက်တဲ့ မြန်မာမိန်းကလေးပါ
ငွေအသပြာတွေ ခြူကာလေ မပြပါနဲ့
တောင်ယာလယ်လုပ် ပျိုးနုတ်ကောက်ခြွေ
သဘာဝကပေး ပကာသနမပါတဲ့သူလေးမို့
မောင်ကြီးရေ ယောင်ပြီးလို့များ
အပျော်တော့ မကြံလေနဲ့နော်
ကျွန်မ လက်ဖဝါးကတော့ နုနုရယ်ပါ
ရှင့်ပါးကိုတော့ သွေးခြေဥနိင်ရဲ့
မောင်ကြီးသာလေ သနပ်ခါးပါးကွပ်
တစ်အားဖက်လို့ မွှေးတက်ရင်ပေါ့
လူကြီးစုံရာနဲ့သာ လာလို့မြန်း
ကျွန်မလေ မယားဆိုတဲ့ ဝတ်တရားတွေ
ကျေပြစမ်းပါမယ် ရှင် ...

No comments:

Post a Comment