--------------------------
မမြင်ကွယ်ဝှက်
မောင် နှင်ရက်လို့
ဒီ ရင်ကိုတော့
မစာနာက
နှိပ်စက်ခဲ့ပါ
မကြင်ရှောင်ပုန်း
ဘယ့်တွက်မုန်းလဲ
မမေးဝံလို့
ဖွင့်ကာတော့ရယ်
မမေးချင်ဘူး မောင် ....
အပြင်မှာမတွေ့
အွန်မှာတွေလို့
အချစ်ကိုတော့
တန်ဖိုးမထားဘူး
မထင်နဲ့နော်
လေးစားလို့ရယ်
မြတ်နိုးနှောင်ဖွဲ့
အသက်ထက်မိုးကာ
တစ်မိုးအောက်မှာ
မဖောက်လွဲပဲ
တစ်ယောက်ထဲကို
ချစ်ခဲ့မိပါတယ် မောင် ...
မောင် ထားရာနေ
မောင် စေရာသွား
အရုပ်လိုနေပေးသူက
သဝန်တိုမိတာ
အပြစ်တဲ့လား
ရှိပါစေတော့
ချစ်မိသမျှ ဝန်
ကျွန်မအလွန်ပေါ့
သစ္စာ မယွင်း
ချစ်သဒ္ဒါ ပြင်းလို့
မောင် လျှောက်သွားသော
လမ်း အသွယ်သွယ်မှာ
ဆူး အမယ်မယ်တွေ
ပယ် ရအောင်လေ
နှလုံးသားကို
တံတား ခင်းမယ်
ကျွန်မချစ်သော ကျွန်မ မချစ်သူ
ထာဝရထက်
နေ့သစ်တိုင်းမှာ ပျော်နိင်စေ ......

No comments:
Post a Comment