
ချစ် သူ သိ စေ
♥♥♥♥♥♥♥♥♥
ချစ်သူရေ
ချစ်တယ် ဆိုတဲ့ စကားတွေလည်း
ခဏခဏလေ မပြောချင်ဘူး
ပြောပါများက ရိုးသွားမှာကို
တွေးလို့ရယ်ကြောက် ကြောက်မိတယ် သခင် ....
အသဲထဲပိုက် ဓါးနဲ့စိုက်ပါ
သခင်သာလျှင် ဘုရင်မမို့
သခင်စေရာသွား သခင်ထားရာနေ
သခင်ပျော်ရင်ပြုံး နေသူမို့လေ
အပယ်ဘဝလို့တော့ မနေပါရစေ သခင် ...
တစ်နိင်ငံရယ် ရေမြေခြားလို့
ဖောက်လွဲမှာလည်း စိုးထိတ်ဗျာပွေ
စိတ်အားငယ်ကာ မကြောက်ပါနဲ့လေ
အကို ချစ်တာတွေများ သိလို့ပေါ့
သစ္စာလေးသာ ရှိကြပါက
နားလည်းမှုသာ ရှိကြပါက
နှလုံးသားတွေ စိတ်ခြင်းနွယ်လို့
အမုန်းဆိုတာ ဝေလာဝေး
ဘယ်အခါများ လွဲမလည်း သခင်ရယ် ....
အားငယ်နေရင် နားလည်းထားပါကွယ်
မခွဲတမ်းတစ်သက် စွဲလန်းလျက်မို့
အကို့လေ ခင့် ကို အရမ်းချစ်တယ် .....
No comments:
Post a Comment