သေခြာတွေးပါလေ
--------------------

ဖေ့ဘုတ်မှာ
မာယာတွေ များတယ်
အကြင်နားတွေ ခါးတယ်
သစ္စာတွေ ရှားတယ် .....
အနှစ်မပါတဲ့
အချစ်တွေက များတယ်
အရှက်မရှိတဲ့
အော်ဂလီတွေက စားတယ်
မသူတော် လူတစ်သိုက်နဲ့
အတူတူ ပျော်ပိုက်လို့
ဥာဏ်တော်ကမွှဲ
အသားတော်ကမည်းနဲ့
အို ရှက်စရာအတိပါတကား ..
ပကာသန ဆိုတာက
တခဏတွေပါ လေ
ပြာကျရင် ဘာမှမရတာက
အဲတာမှ လောက သဘာဝ ဟ
မသေခင်လေး ဒီချိန်လေးမယ်
စိတ်ဝယ်နှလုံး ပီတိဖုံးကာ
မာယာမပါ စေတနာနဲ့
ကြီးသူရိုသေ ငယ်သူသနား
ရွယ်တူကိုများ လေးစားရင်ပေါ့
လှလိုက်မယ် ဒီလောက ....
No comments:
Post a Comment