ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, August 9, 2013

လွမ်းနေစဲပါ မောင်


လွမ်းနေစဲပါ မောင်
--------------------


မမြင်တွေ့လို့
မေ့ သခင်က
မေ့ပြီလားနော်
မကြင်ရှောင်ပုန်း
ဘယ့်အတွက်မုန်းလဲ မောင် .....

စိတ်စေရာ
အတိတ် 
ဝေဒနာဆိုးတွေကြောင့်
တစ်နေ့တစ်ရက်မှ
အိပ်မရပါဘူး မောင် ........

မောင် မကြင်တမင်
စိမ်းပေမယ့်
ဟိုယခင် အတိတ်ဆိုတာမှာ
အရိပ်လိုသာ ရှိနေသေးလို့
အမှတ်တရကြုံတိုင်း
လွမ်းမိသေးတယ် မောင် ....

No comments:

Post a Comment