
ကြယ်တစ်ပွင့်သို့ လွမ်းဆွတ်ခြင်း
--------------------------
ရာသီဖောက်ပြန် အကြောင်းမမှန်လို့
ကျွန်တော်တစ်ကယ် နေမကောင်းတာပါ ဆရာ ...
နိုးနိုးခြင်း လေ ဖေ့ဘုတ်ဆိုတာ ဖွင့်မိတော့
ရင်နာလိုက်လေခြင်း တန်းမြင်မိတယ် ဆရာ ....
ဆိုးလိုက်တဲ့ 2013ရဲ့ သြဂုက်လ
ကျိန်စာတွေပင် သင့်နေရော့သလား ....
စာပေတွေ ဝင့်ချီလို့ ဆေးချယ်ကာပုံပြု
သုခုမတွေအတွက် သေမင်းရယ်
ပေးတဲ့အချိန် က ဒီလောက်ပဲလားဗျာ ....
ဘယ်သူသေသေ အတေမာပြီးရောတွေကျ
ကပ်တွေပင် ကျော်သွားလေသလား ....
လူဆိုတာ သေမျိုးကြီးပါလေ
ဒါပေမယ့် ဗျာ
ကျွန်တော်တို့မှ မဟုတ်ပါဘူး
တိုင်းပြည်အတွက်တော့ ရူံးလိုက်လေခြင်း
ခန္ဒာဆိုတာ မမြဲလေခြင်းမို့ သွားနှင်ပေါ့ ဆရာရယ်
စကားလုံး လှလှတွေနဲ့ အသိဆိုတာတွေ တိုးခဲ့စေလို့
ဒဂုန် ဆိုတဲ့ ဒီ တာရာ က လူကပင်သေသော်ညား
နာမည်ဆိုတာ နှောင်းတစ်ခေတ်ထိ ကျန်အုံးမည် .....
No comments:
Post a Comment