--------------

မွှေးပျံထုံသင်း
လှယမင်းရေ
ရနံ့ဆင်းက
ဝင်းမှည့်ပြည့်ဖြိုး
အလှတိုးလို့
လှသွေးပျိုမျှစ်
သည်အချစ်ရယ်
ရှင်သန်ပေါက်ဖွား
နှလုံးသားမှာ
ဖြစ်တည်မိတော့
အကြောက်တရား နဲ့စွာနဲ့ပေါ့
စာတွေသီကာ ရင်လွှာဖွင့်မယ်
ချစ်တဲ့သူ ခင်သက်လျာရယ်က
မုန်းရောင်ချယ်လို့ ပြုံးရှောင်ဖယ်ရင်
ချစ်မိသူ အသည်းကြွေးပြုန်းသလို
မောင့်ဘဝတော့ မသေဆုံးပါရစေနဲ့ကွယ် ....
No comments:
Post a Comment