---------------------------------
သူငယ်ချင်းတွေ အများကြီးမလိုပါဘူး
မိတ်ဆွေစစ်ပဲ လိုချင်တယ် ....
ရည်စားတွေ အများကြီးမထားချင်ပါဘူး
နာလည်မှုရှိတဲ့ ချစ်သူမျိုးပဲ လိုချင်တယ် ...
အကောင့်တွေ ဖွင့်ပေးတာလည်း
ကျေးဇူးတင်စရာမလိုပါဘူးနော်
မစော်ကားရင် ကျေနပ်ပါတယ် ....
ကဗျာရေးတာလည်း ရေးတက်လွန်းလို့မဟုတ်ပါဘူး
ထာဝရမဟုတ်တောင် တဒင်္ဂလေးပျော်ရွှင်ကြရင်
ဝမ်းသာကြည်နူး ရင်မှာမြူးလို့
စိတ်ဝယ်နှလုံး ပီတိဖုံလို့ ကျေနပ်သူပါ ...
အထင်ကြီးအောင် ရေးရတာလည်း မဟုတ်ရိုးပါ
ဟုတ်ပါတယ်လေ ....
ခင်ဗျားတို့လို ပညာမကြွယ် ဓနမကြွယ်တော့
ကျွန်တော်လူသား ပစ်ကာသွားပေါ့
ဘယ်နှယ် လူကိုတော့ လာလို့ရယ်
မစော်ကားနဲ့ ခင်ဗျားတို့လို
ပြန်မရိုင်းတက်တာက ကျွန်တော်ဗီဇ
ဟိုအရင်အစ ကတည်းကလေ
ရှိပါစေတော့ ကျွန်တော်ကတော့ မေတ္တာသမားပါ
ဆုတွေပဲ ပို့ကာပေးမယ်
အသက်ရာကျော် ရှည်ကြပါစေသော် ....

No comments:
Post a Comment