
ထာဝရကောင်းကင်ပါ ခင်
-------------------------- ---
ကောင်းကင်က နေ တစ်စင်း
ဘယ်လိုပင် ပူပြင်းပူပြင်းပေါ့
ရင်တွင်းက အချစ်ဒဏ်ရာ
နေ တစ်ပျောက်ဆိုပေမယ့်
သေလောက်အောင်ခံစားရတယ် ခင် ....
ကောင်းကင်က ရေ တစ်ပေါက်
ခမ်းခြောက်တာ ပပျောက်စေပေမယ့်
ရင်တွင်းက အလွမ်းမိုးတွေ
နွမ်းညိုးတာကို ပိုပိုလာစေတယ် ခင် ...
ကောင်းကင်က လ တစ်စင်း
အရာရာကို ထွန်းလင်းစေပေမယ့်
ရင်းတွင်းကလေ ချစ်သူ့ပုံရိပ်
အလုံပိတ်ထား တာတောင်မှ
လင်းလက် အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ် ခင် ....
ကောင်းကင်က အဟောင်းတွေကို
အသစ် မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှ ချစ်ခြင်းများက
ပျက်ယွင်း ဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ် သစ်လွင်တောက်ပမှုတွေနဲ့
ရင်ကိုခွင်းလို့ ကြည့်လိုက်တိုင်း
ချစ်သူဆိုသော ကောင်းကင်က
သာသာယာယာပါပဲ ချစ်သူရယ် ...
--------------------------
ကောင်းကင်က နေ တစ်စင်း
ဘယ်လိုပင် ပူပြင်းပူပြင်းပေါ့
ရင်တွင်းက အချစ်ဒဏ်ရာ
နေ တစ်ပျောက်ဆိုပေမယ့်
သေလောက်အောင်ခံစားရတယ် ခင် ....
ကောင်းကင်က ရေ တစ်ပေါက်
ခမ်းခြောက်တာ ပပျောက်စေပေမယ့်
ရင်တွင်းက အလွမ်းမိုးတွေ
နွမ်းညိုးတာကို ပိုပိုလာစေတယ် ခင် ...
ကောင်းကင်က လ တစ်စင်း
အရာရာကို ထွန်းလင်းစေပေမယ့်
ရင်းတွင်းကလေ ချစ်သူ့ပုံရိပ်
အလုံပိတ်ထား တာတောင်မှ
လင်းလက် အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ် ခင် ....
ကောင်းကင်က အဟောင်းတွေကို
အသစ် မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှ ချစ်ခြင်းများက
ပျက်ယွင်း ဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ် သစ်လွင်တောက်ပမှုတွေနဲ့
ရင်ကိုခွင်းလို့ ကြည့်လိုက်တိုင်း
ချစ်သူဆိုသော ကောင်းကင်က
သာသာယာယာပါပဲ ချစ်သူရယ် ...
No comments:
Post a Comment