ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, August 3, 2013

တစ်ခါတုန်းက ချစ်သူ လှိုင် သို့


တစ်ခါတုန်းက ချစ်သူ လှိုင် သို့

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ရေပြင်ကမ်းစပ်မှာ လှိုင်းတို့က
တရွေ့ရွေ့နဲ့ ကြက်ခွပ်ပမာ
ဇင်ယော်တွေက ပျံကာဝဲလို့
သောင်ပြင်က ခြေရာတွေကတော့
လှိုင်းနဲ့အတူ ပျောက်ကွယ်သွားသလို
ငါ့ ဘဝထဲကလည်း နင် ဆိုသော
ချစ်သူတစ်ယောက် ပျောက်ကွယ်သွားတာ
ရက်မှ လပြောင်း အချစ်တွေပင်
ဟောင်းသွားခဲ့ပါ တကား ...

ခုများဆိုရင် အစဉ်ဝေးပြီပေါ့
ရင်အေးကာ အိပ်မရသေးပါဘူး
အချစ်ဆိုတာတွေက ခပ်ခါးခါး
အတိတ်ဆိုတာတွေက ခပ်ဝါးဝါးနဲ့
နွေအကြို ရွှေပိတောက်တွေက
ဒီရင်မှာ နွမ်းခြောက်သွားတာ
ရာသီတစ်ပတ်ပင် လှည့်ပါပေါ့ တကား .....

ကြာပြီလေ နင် ထားသွားတာက
အလွမ်ဆိုသော ဝေဒနာတွေကသာ
ကြာရှည်ရင်ထဲ ကြွေရခက်ခဲ့
အပူဒဏ်ခစဲနဲ့ တစ်ဝဲလည်လည်လေ
ရေစင်မိုးစက် မေတ္တာလက်ဖြင့်
မောင် ကခေါ်ငင် တံလှပ်ထင်ကာ
ခွဲခွာအဝေး ထွက်လို့ပြေးလည်း
ကျန်ခဲ့သူက အငြိုးတကြီး
အမုန်းကျိန်စာ မတိုက်ဝံပါ
အနေခက်စွာ ရင်ကွဲပါလို့
ဒီရင်ကိုလေ မြင်ရင်တော့ဖြင့်
လွမ်းသူရင်ကို ငြိမ်းလှည့်ပါ လှိုင် .......

No comments:

Post a Comment