လှည့်စားသူ သို့
♣..♣..♣..♣..♣
♣ ပြုစားသူလို့
ငါ့ မဆိုရက်ပေမယ့်
လှည့်စားရက်သူလို့
ကဗ္ဗည်းထိုးထားပါရစေ ...♣
♣ နောက်ဆုံးမီးမမြှိုက်ခင်ထိ
သုံးမရတော့ပေမယ့်
ရခဲ့ဖူးတဲ့ အချစ်ကြောင့်
ပြုံးနေသေးတဲ့ ဒီနှလုံးသားက
နင့် နာမည်ကို တဖွဖွမြည်တမ်းရင်း
ဝဋ်ဥာဉ်ကင်းမဲ့ သွားတော့မှာပါ ... ♣
♣ ကြေကွဲဝမ်းနည်းမိတဲ့
ငါ့ နှလုံးသား ဈာပနာကို
အလွမ်းတွေ ဖျားနာနေလို့
လိုက်ပါပို့ဆောင်ခွင့်တောင်
မရခဲ့ဘူးပါ ဟာ ...♣
♣ ရက်လည်နေ့မှာ နင့် နာမည်ကို
ကြေးစည်ထုပြီး ငါ့ အရိပ်ထဲက
မောင်းထုတ်ပစ်ပါမယ် ...♣
♣ ငါ ဆုတွေလည်းတောင်းနေပါရဲ့
သံသရာတကွေ့မှာလေ
ငါ က အရမ်း ချစ်ရပြီး
ငါ့ ကိုယ်ချစ်တဲ့သူမျိုးသာ
ရပါစေတော့ရယ်လို့ပေါ့ ...♣
♣..♣..♣..♣..♣
♣ ပြုစားသူလို့
ငါ့ မဆိုရက်ပေမယ့်
လှည့်စားရက်သူလို့
ကဗ္ဗည်းထိုးထားပါရစေ ...♣
♣ နောက်ဆုံးမီးမမြှိုက်ခင်ထိ
သုံးမရတော့ပေမယ့်
ရခဲ့ဖူးတဲ့ အချစ်ကြောင့်
ပြုံးနေသေးတဲ့ ဒီနှလုံးသားက
နင့် နာမည်ကို တဖွဖွမြည်တမ်းရင်း
ဝဋ်ဥာဉ်ကင်းမဲ့ သွားတော့မှာပါ ... ♣
♣ ကြေကွဲဝမ်းနည်းမိတဲ့
ငါ့ နှလုံးသား ဈာပနာကို
အလွမ်းတွေ ဖျားနာနေလို့
လိုက်ပါပို့ဆောင်ခွင့်တောင်
မရခဲ့ဘူးပါ ဟာ ...♣
♣ ရက်လည်နေ့မှာ နင့် နာမည်ကို
ကြေးစည်ထုပြီး ငါ့ အရိပ်ထဲက
မောင်းထုတ်ပစ်ပါမယ် ...♣
♣ ငါ ဆုတွေလည်းတောင်းနေပါရဲ့
သံသရာတကွေ့မှာလေ
ငါ က အရမ်း ချစ်ရပြီး
ငါ့ ကိုယ်ချစ်တဲ့သူမျိုးသာ
ရပါစေတော့ရယ်လို့ပေါ့ ...♣

No comments:
Post a Comment