
မိ အညာ ရယ်
းးးးးးးးးးးးးးးးးးးးးး
လွမ်းလိုက်တာ ချစ်သူရယ်လို့
အကြိမ်ကြိမ် အခါခါရယ်
ကုဋေကုဋာမက အော်နေမိလည်း
လွမ်းရယ်မပြေ နွမ်းမျက်ရည်က
ကြွေနေဆဲမို့ အလွမ်းတွေကို
ကဗျာစီချ လွှင့်မြောမိတဲ့ ငါ့ ဘဝ .......
အကြွေပန်းကိုလေ ခြွေမနမ်းပါပဲ
မာယာမပါတဲ့ ဒီနှလုံးသားကိုမှ
မူယာတွေပိုကာ ညာလိုက်ပုံများ
အခါ (၁၀၀၀) ကွဲတာထက်နာချက်က
အညာမြေမှာ တမာ တွေမဖူးသလို
ဒီရင်မှာ
အချစ်ဆိုသော အနမ်းပန်းတွေလည်း
ဝေဆာမမြူးသေးတာက ငါ့ ဘဝ ......
ဘဝတွေကို သေခြာဆန်းစစ်တော့
အချစ်ရယ်မှ မနုဿ ချစ်မိတဲ့ ဒုက္ခလေ
ကိုယ်အပြစ်နဲ့ ကိုယ်အလွန်မို့
ခန္ဓာငါးပါး ရန်ရှာထားလည်း
တဏှာဆိုတာ မကင်းသ၍တော့
ခုထိတော့ လွမ်းဆဲ ဆွေးဆဲနဲ့
ကြေကွဲဆဲပါ မိ အညာရယ် .....
No comments:
Post a Comment