-------------------
သံယောဇဉ်တွေ
ပြန်မပြောတော့ဘူး
စကားလေးရယ်
သုံးလုံးသာမို့
အသင်္ချေသာဆို
လူများရူးနိင်ပါတကား ..
မိတ်ဆွေဟူသည်
မည်သို့ခေါ်သနည်း
သူငယ်ချင်းဆိုတာ
ဘာကိုခေါ်သနည်း
လေလှိုင်းမှာကြုံ
လေလှိုင်းပုံနဲ့
နောက်များရွှေကြာ
ပို့တင့်တယ်သလား ???
ငါ ရှာဖွေသည့်
မိတ်ဆွေစစ်များ
ခုများဘယ်မှာ
ပုန်းနေကြသလည်း
ငါ ရှာဖွေသော
သူငယ်ချင်းများ
ခုများဘယ်မှာ
ရောက်နေကြသလည်း
သူ လည်းမဟုတ်
ငါ လည်းမဟုတ်
နာမ် ဆိုတဲ့ ရုပ်နဲ့
အပုတ်ကောင်ကြီး
ရုပ်ဆောင်ဟီးလို့
မမြဲလောက
လူဘဝမှာ
ငါ သာပင်လျှင်
စိတ်ဝယ်နှစ်လို့
ငါ ပင်ခံစား
ငါ ပင်လူမိုက်ပါတကား ....

No comments:
Post a Comment