
ဥသာဖုရား နှယ်
ပတ္တမြား စိန်ချီလို့
မျက်လုံးတွေရယ်
မျက်တောင်တွေက
သက်တံရောင်ဝယ်
အရောင်သွေးစုံလို့
စွဲမိပြီ မောင့်အသဲ .......
ပိတုန်းရောင်မယ်
ကေသာနက်နဲ့
သူ့ ပါးပြင်ဝယ်
နံ့သာကမွှေး
ပြုံးရင်လည်းနော်
ပါးချိုင်ပေါ်လို့
ရီရင်လည်းဖွေး
သထက်လေးနဲ့
အသားတော်ရယ်
ထိန်ကြည်လွန်းလို့
စွဲမိပြီ မောင့်အသဲ .....
တွယ်တာမိသူ
ဒီ အသဲမှာ
ချစ်တာတွေကို
လှစ်ကာထုတ်ပြီး
မေတ္တာသုတ်ရယ်နဲ့
ဖွင့်ကာသာများ
ပြောမိရင်ပေါ့
မောင့် ချစ်သူ
သက်ထားရယ်က
မနောဟန် ကြည့်မွေပါလို့
မုန်းမှာလားကွယ် ချစ်သူရယ် .....
No comments:
Post a Comment