----

ယနေ့တိုင် မမေ့နိင်လို့
အိမ်မက်ထဲတော့ နင်ပါနေစဲပါ ခိုင် ....
မေတ္တာနဲ့ အသည်း ကိုလေ
နှင်းအပ်ကာ ပေးတဲ့ပွဲမှာလည်း
ဒဿလို့ ကျရှံးခဲ့သူက ငါ ပါ ခိုင် ....
တာနောယက္ခ ဘီလူးလို့
အာဂတွင်းမှာ ငုံထားခဲ့ပေမယ့်
မာယာတွေ ကုဋေကုဋာနဲ့
ဖောက်ပြန်သွားတာလည်း နင် ပါ ခိုင် ....
ပွေချင်တိုင်းပွေ လေချင်တိုင်းလေ
ရှုပ်ချင်တိုင်းရှုပ် ပုတ်ချင်တိုင်းပုတ်ပါစေတော့
ဝေရင်လည်းမွှေး ကြွေရင်လည်းမွှေး
ခရေလေးဆိုပြီး တန်ဖိုးထားကာ
ချစ်ခဲ့သူက ငါ ပါ ခိုင် ....
ချစ်မိသမျှ နွံ့ ငါ့ အလွန်မို့
ငါ အပြစ်နဲ့ ငါ ကံ တွေကိုလေ
ရင်စည်းကာပင် ခံလိုက်ပါမယ်
တစ်သက်မမုန်းမဲ့ ချစ်ဆုံး ခိုင် .....
No comments:
Post a Comment