
ပန် ဆင် တော့ လေး
---------♥--------
ပန်းပေးမယ်
မောင် ရည်စူးလို့
ခင့် အတွက်ကို
ခူးလာတယ် ....
ရင်မှာကွယ်
မေတ္တာပျိုးလို့
အကြင်နာက
ပါသေးတယ် ...
သစ္စာကို
အဖော်ပြုလို့
ယုယမှုလည်း
ကျန်သေးတယ် ...
မေတ္တာ စေတနာ
အကြင်နာ ပန်းကို
ခင့် ကေသာ
ဆံနွယ်ဘေးမှာ
မောင် ကိုယ်တိုင်
ပန်ဆင်ပေးမယ်
ပန်ပါတော့ လေး ....
No comments:
Post a Comment