မတွေးချင်တော့ဘူး
--------------------

အတွေးလွန် နယ်မြေရဲ့
ကမ္ဘာ တစ်ဖက်ခြမ်းမှာ
အလွမ်းတွေက ကာရံထားဆဲ
အဆွေးတွေ ပြည့်နေတဲ့
ဒီ နှလုံးသား ဥယျာဉ်ထဲမှာ
လွင့်မျောနေတဲ့ စိတ်တွေကို
ရွက်လွှင့်ရင်း အသိစိတ်တွေက
နင့် တစ်ယောက်ဆီကိုပဲ
ရောက်ရောက်နေခဲ့တယ် ...
ဖမ်းဆုတ်မရတဲ့ လေညှင်းတွေလို
လွင့်ချင်တိုင်းလွင့် မျောနေခဲ့တော့
ဝေခွဲမရတဲ့ မသိစိတ်တို့က
ငါ့ ကိုလေ
ခဏခဏ ဒုက္ခပေးတော့
လွမ်းရမဲ့နေ့တွေ အတွက်
အတွေးလွန် နယ်မြေရဲ့
ကမ္ဘာ တစ်ဖက်ခြမ်းမှာ
အဆွေးတွေနဲ့ အလွမ်းတွေကို
မတွေးချင်တော့ဘူး ချစ်သူရယ် ....
No comments:
Post a Comment