ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, August 1, 2013

ကြင်လှည့်ပါ သခင်


ကြင်လှည့်ပါ သခင်
)))))))))))))))))))

ဒီရင်မှာ မကြည့်မွေ့လေတော့
သည်တစ်နေ့မှ မဟုတ်ပါဘူးကွယ်
နေ့တိုင်း နေ့တိုင်း ကိုတော့ဖြင့်
လွမ်းခွင့်လေးတော့ ပေးပါသခင် ...

ဒီရင်ကို ကြွေမကျခင်တုန်းက
မာယာတွေ ကုဋေတစ်သန်းနဲ့
မူယာပိုကာ ဝင်လာမယ်ဆိုတာ
ကျွန်တော်မျိုးမှ မသိတာပဲ သခင် ...

အကြင်နာတွေ ချိုကာ
အနမ်းပန်းတွေ မိုးစက်မခြား
ခြွေလို့တောင် ချခဲ့သေးတာလေ
စိတ်တ္တဇ အသည်းနဲ့လူက
အတိတ်ဘဝ ဆိုတာတွေကို
မှတ်မိနေသေးတော့ မေ့မရတာဖြင့်
နားလည်ပေးပါ သခင် ....

သခင်မြင်လှည့် ကြင်လှည့်တော်မူ
လိုက်တော် မူသင့်ပါရဲ့နော်
အခါအခွင့်ကို မျှော်လင့်ပေမယ့်
မျှော်သူသာပမ်း ရင်မှာသာနွမ်း
ကျွန်တော် အသည်းတွေသာ 
ကျွမ်းသွားပါတယ် သခင်ရယ် ....

No comments:

Post a Comment