ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, August 6, 2013

မျက်ရည်စက်တွေနဲ့ ပါ ညို



 မျက်ရည်စက်တွေနဲ့ ပါ ညို 
``````````````````
မလွမ်းတော့ဘူး မဆွေးတော့ဘူး
သတိမရတော့ဘူးလို့ပေါ့
ငါ အားတွေကို တင်းထားပေမယ့်
ဝသန်ဝါဆို မိုးပေါက်တွေကိုမြင်မိရင်
သူ့အလိုလို ရင်ထဲမှာ ငိုမိပြန်တယ် ညို ......

ထားခဲ့တဲ့ ကတိ တွယ်ညှိခဲ့ သံယောဇဉ်
နင် မကြင်နာ တမင်ခွာ စိမ်းပေမယ့်
သူစိမ်းရယ်ပဲလို့ အစိမ်းတစ်ကယ်
ခွဲတာလားလို့လည်း မတွေးဝံ့ပါ ညို ....

ငါ့ ရင်ထဲက သံယောဇဉ်
အတိုင်းအစကိုလေ နှိုင်းပြဖို့အတွက်
ဝေါဟာရ မရှိသေးတာကို
နင် မမြင် နင် မသိခဲ့တာလား ညို .....

မိုး ရွာရင် ကလေးငယ်တစ်ယောက်လို
ပျော်တက်တဲ့ ငါ က ခုများဆိုရင်
မိုးအုံ့မှာတောင် ကြောက်နေမိတယ် ညို ...

တစ်သက်တာ ထာဝရ ရယ်နဲ့
တစ်မျက်နှာ တစ်ဘဝစာထင်ခဲ့မိလို့
အနေဝေးပေမယ့် စိတ်ခြင်းတော့
နီးမှာပဲလေလို့ တွေးထင်ကာထားသူကိုမှ
အပူစတွေ နင် မျှဝေရင်း
ခွာခွာရက်စက် ထားရစ်ခဲ့တော့
ကြွေဆင်း အစက်စက်ကယ်နဲ့
ဝေဆင်းရက်တဲ့ မျက်တောင်ကြားက
မျက်ရည်စက်တွေကလေ
ဘယ့်အတွက်များလည်း ညို ရယ် ......

No comments:

Post a Comment