မောင့်ဘဝပါ သခင်
------------

--------
ချစ်သော ခင့်ဆီ
ကဗျာ သီလို့
ပေးပို့ ချင်တယ်
သည်လို ပါကွယ် ...
ချစ်သော ခင် ရေ
ခင် ပျော်စေဖို့
နှလုံး သားတွေ
ပြာ ဖြစ်သွားလည်း
စက္ကန့် မလပ်
ချစ်သူအနားသာနေချင်တယ် ...
အသဲ စွဲအောင်
ချစ်မိ တာမို့
ငြိုငြင် ကာလေ
အပစ်မဆိုပါနဲ့လားကွယ် ...
မောင့် အချစ်များ
ထိုသို့ ပေးဆပ်
မယုံကြည်အပ်သော်
ချစ်သက် လျာက
တောင်းလာ မှန်လျှင်
မငြင်း ကြည်ဖြူ
မောင် ပေးလှူမည်
ရင်ကို ခွင်းလို့
နှလုံးသားတစ်စုံယူပေါ့ အတည် ....
No comments:
Post a Comment