ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, August 19, 2013

ထာဝရဆိုသော အလွမ်း

ထာဝရဆိုသော အလွမ်း
---------------------

အချစ်ဆိုတဲ့ နှလုံးသားမြေမှာ
တိုနှစ်ဦးလျှောက် ခရေဖူးကောက်ရင်း
ခရေးဖူးကိုမှ နင် မမင်
နန်းထိုက်လို့ တော်ဝင်တဲ့ပန်း
သဇင်ဆိုတာကို လှမ်းပြန်ပေါ့
ရင်မှာသာ ကျွမ်း ဟိုဟောမှာ အလွမ်း ....

မသနားတော့ ကစားသလိုပ
ခေါ်ထားပေမယ့် သွားသူက
နင် ရယ်ပါနော် ချစ်သူရယ် ....

နင့် ကေသာ ဆံနွယ်ဖြားကိုလ
နမ်းမယ်ကွယ် ကြံရည်စူးလို့
လာခဲ့စဉ်က စိတ်ဝယ်တွေး
တစ်ကယ်တွေ့ရင်တော့ဖြင့်
ဘယ်လိုကွယ် ရင်ခုန်မှန်းမသိ
စိတ်ကူးဝယ် ပျော်ရွှင်မိတယ်
ဒါပေမယ့် တွေးမထင်ပုံ
မိသည်းညှာ မောင့်ချစ်သူက
သူစိမ်းရယ် ယောက်ကျားတွေနဲ့
ခွန်းနူတ်ချို ကြည်နူးလေတော့
လာခဲ့သူ မောင့်အမှားပါပဲ
နောင်တရယ် တစ်သီတစ်တန်းနဲ့
အိမ်အပြန်မှာ စိတ်ရယ်မပါဘူး
ပါလာသည် ဟိုကောင်ကြီးက
ထာဝရဆိုသော အလွမ်း ... 






No comments:

Post a Comment