---------------

ဟုတ်ပါတယ်ဗျာ
ကျွန်တော်ကလေ
ကြီးသူမရိုသေ
ရွယ်တူမလေးစား
ငယ်သူမသနားတဲ့
လူပေါက်ပန်းစေး သမားပါ .....
ဟုတ်ပါတယ်ဗျာ
ကျွန်တော်ကလေ
အလွန်ရိုင်းကာ
အပေအတေ
ဒီဇိုင်းတွေနဲ့
အသိကမွဲ
ညဏ်ကမွဲနဲ့
ဆန်စားမကြီး လူ့ ငနွားကြီးပါ .....
ဟုတ်ပါတယ်ဗျာ
ကျွန်တော်ကလေ
မိန်းကလေးတွေဆို
အလွန်ဆော်ကား
ယုတ်ညံအားနဲ့
နှမချင်းမစာနာ
ပြောရက်လွန်းတဲ့ လူ့ တိရစ္ဆာန်ပါ ....
ဟုတ်ပါတယ်ဗျာ
ကျွန်တော်ကလေ
ပညာမတက်လို့
ကိုယ်ထက်နိမ့်ပါး
ဆင်းရဲသားကို
အဖက်မလုပ်ပဲ
နှစ်ပြားမတန်မှတ်
ဥပေက္ခာပြုလို့
မျက်ကွယ်ပြုရင်း
နှိမ့်ချဆက်ဆံ
ပြောဆိုတက်သော လူ့ ပြိတ္တာပါ .....
ဟုတ်ပါတယ်ဗျာ ဟုတ်ပါတယ်နော်
ကျွန်တော်ဟာလေ အသုံးမဝင်သော
အားလုံးရဲ့အပယ်ခံသာ
ထားလိုက် ကြပါတော့နော်
No comments:
Post a Comment