ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, August 14, 2013

ခင့် တစ်ယောက်သာ



ခင့် တစ်ယောက်သာ
----------------------

ခင်
အတွေးတွေထူး
အဆွေးတွေမြူး
မျှော်ကာဖူးဖို့
စောင့်စားနေရ
ဒီဘဝက
ရူးများရူးလား မသိပါဘူး ...

ခင်
ထယောင်မှိုင်ငေး
ဟိုဒီလွှင့်လူး
စိတ်ကယ်မူးလို့
ရူးများရူးလား မသိပါဘူး ...

ခင်
မွန်တည့်နေဝင်
ညပင်မိုးချုပ်
နံနက်ပင်ရောက်
နေ့သစ်သောက်လည်း
ခင့်တစ်ယောက်သာ
လွမ်းမိပါသည်
နှလုံးသားဆီမှ အသံမြည် ... 

No comments:

Post a Comment