ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, August 19, 2013

"အချစ်ဆရာမကြီး မိမိဝါ"



 "အချစ်ဆရာမကြီး မိမိဝါ"
-------------------------

မေတ္တာနဲ့အသဲ နှင်းအပ်ကာပေးတဲ့
သည်ပွဲမှာ ဒဿလို့လေ
အတုန်းအရုံး ကျရူံးခဲ့သူက
ငါ တစ်ယောက်ထဲပါ မိမိဝါ ....

အကြွေပန်းကိုများ ခြွေနမ်းခဲ့သလား
နန်းထိုက်လို့ တော်ဝင်အောင်
အချစ်တွေနဲ့ ဆေးခြယ်ရင်း
မေတ္တာတွေမိုး သစ္စာတွေကာလို့
အကြင်နာတွေ များခဲ့တာပဲရှိခဲ့ပါတယ်
သူစိမ်းဆန်လွန်းတဲ့ မိမိဝါ ရယ်...

ကံကတော့ မနည်းပါဘူးလေ
ဥာဏ်ကတော့ တော်တော်မွဲလို့
အပြုံးလှပြီး နှလုံးကမလှ
အယူလွဲလို့ အတွေးချော်ကာ
ခေါင်းကတော့ တော်တော်မာသား
နင့် အတွက် ရင်လေးမိတယ်
နောင်များမှ မောင်ဘုရားရယ်ဆိုပြီး
မပဒ္ဒါလို မြေမလူးမိစေနဲ့ မိမိဝါ ရေ .....

အွန်လိုင်းဆိုတော့လည်း နင်ကတော့
လေလှိုင်းမှာတင် မာယာတွေ
အသင်္ချေတစ်ပိုင်းနဲ့ ပျောက်သွားတာပ
ရီလေးရှစ်ဆိုတာ ရိုမန်တစ်တဲ့လား
ဒါတွေကို မတောင်းဆိုပေမယ့်
ချစ်တာသိရင် သစ္စာရှိရမှာပေါ့
ခုတော့
မကြင်နာအမုန်းစိတ်သုံးလို့
ငါ့ ကို သစ္စာမရှိသူလို့ ယိုးမယ်ဖွဲ့
နင် ကတော့ ထောက်ထားမညှာပဲ
နောက်အသစ်ဇယားတစ်ပွေနဲ့
ဖောက်ပျောက်နေပါလား မိမိဝါ ....

ဖြစ်ကြောင်းကုန်စင် သိနေညားလည်း
လက်တွဲလို့ရယ် ခေါ် ခေါ်သူကိုမှ
ပြောရက်လိုက်တဲ့ စကားတွေက
မသူတော်လို့ တစ် ဖုံ ရယ်
မစားရတဲ့ အမဲ သဲနဲ့
ပက် တယ်လို့က တစ်မျိုး
အမေနဲ့ ဆဲတာက တစ်သွယ်
တရားကြဖို့ ကောင်းပါတယ်
ဒါပေမယ့် လေ
ဘယ်သူကိုမှ ငါ အပစ်မပုံပဲ
ငါ့ အတိတ်ကံ ဝဋ်ကြွေးလို့
မှတ်ယူထားခဲ့ပါတယ် မိမိဝါ ရယ် ....

မုန်းတော့ မမုန်းပါဘူး လေ
မနမ်းထိုက်တဲ့ ပန်းဆိုတာ
သိသိကြီးတောင် နမ်းခဲ့သေးတာပဲ
ငါ ဆုတွေပဲ တောင်းနေမိပါတယ်ဟာ
နင် လိုပေါ့ ချစ်တာသိပြီး
သစ္စာမရှိတဲ့ သူမျိုးနဲ့လေ
ဘဝဆက်တိုင်း ဝေးပါစေလို့ပေါ့
ငါ့ ကိုမချစ်တဲ့ အချစ်ဆရာမကြီး မိမိဝါ .......

No comments:

Post a Comment