ရွှေဘိုအင်းဝ အမှတ်တရ
-------------------------

ရန်ကုန်သူတွေ လှသလို
မန္တလာသူတွေ ချောသကို
ရွှေဘိုသူလည်း ချစ်ဖို့ကောင်းတာ
အကို ပြောဖို့တောင် မလိုပါဘူးနော် ....
လှသွေးရယ်ကြွယ် ယဉ်ညိုချောတွေက
အကိုရယ် အလည်ရောက်တုန်းကပေါ့
ဖော်ရွေစွာ အပြုံးတွေနဲ့လေ
ဧည့်ဝတ်ရယ် ကျေလွန်းလှလို့
နောက်တစ်နှစ်ဝယ် လာဖို့ရွယ်
စိတ်တွေကူးလို့ မြို့ရွှေဘိုသို့
အကိုကတော့ လွမ်းမိတယ် ...
ရန်ကြီးအောင် ကုန်းဘောင်ခ
ငါးမည်ရ ပြည်ရွှေဘို
အလောင်းမင်းရယ် နန်းတည်လို့
အင်းဝလို့ဆို မှတ်မိကြသကို ....
နေညိုညို ရောင်နီသန်းမှာတော့
မြန်းကြမယ် ကန်တော်ဆီသို့
စည်သံဆို မိုးထက်ညံလို့
အကိုအပြန်မယ် လက်ဆောင်ပေးတဲ့
ရွှေဘိုနယ် သနပ်ခါးက
ခုထိတောင်မွှေး ရှင်းသန့်လို့အေး .....
No comments:
Post a Comment