------------------------
တစ်ခန်းတစ်နားနဲ့
ချစ်စကား တော့မဆို
ရင်ထဲက အတိုင်းအစ
နှိုင်းပြဖို့ ဝေါဟာရဆိုတာမရှိ
နှလုံးသားထဲက သည်အချစ်
ဖွင့်လှစ်ကာ ပြောပါမှ
သိမှာလား ခင် ....
ခင် မမြင် ခင် မသိပေမယ့်
ခင် သိရင် ကျေနပ်ပါတယ်လေ
ဆို ဆိုတဲ့ အတွေးနဲ့
ကဗျာသီကာ အလင်္ကာစာလုံးတွေနဲ့
ဖွင့်ဟကာ ပြောလိုက်ချင်ရဲ့
အမြဲတမ်းတစ်သက် စွဲလန်းလျက်မို့
တစ်ကယ်ပါ ခင် ရယ်
မောင် လေ
ခင့် ကို အရမ်းချစ်တယ် .....

No comments:
Post a Comment