
ခင့်အတွက်ပါပဲ
---------------
ခင်
ချစ်မိရင်ခွင်
အပြစ်မြင်လို့
အကြင်နာမဲ့
စာသားတွေသုံး
အမုန်းဆိုတဲ့
အဆိပ်သုံးရင်း
ဓါးထက်ထက်နဲ့
ရင်ခွဲပါမှ
ခင် ကပျော်မှာတဲ့လား ကွယ် ....
ခင်
ဓါးတောင်ကျော်လို့
မီးပင်လယ်ဖြတ်
ကောင်းကင်ကကြယ်
ရအောင်ပင်ခူး
ထိုထိုစကား
မပြောရဲပါ
ဝ ရယ်မရှိ
ဝိ မလုပ်ပဲ
ရှင်းရှင်းလေးနဲ့
ဘွင်းဘွင်းပြောမယ်
ချစ်တာသိလို့
သစ္စာရှိရင်
တစ်မိုးအောက်မှာ
မဖောက်လွဲဘူး
ခင့် အတွက်ပဲ ဖြစ်ရမည် ...
No comments:
Post a Comment