ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, August 9, 2013

မစိမ်းပါနဲ့ ခင် (ခ) မောင့် ဘဝပါ ခင်

မစိမ်းပါနဲ့ ခင် (ခ) မောင့် ဘဝပါ ခင်
```````````````------------- 

ရင်ထဲက အဖြစ်သနစ်တွေကို
လှစ်ဟာပြမှ အချစ်တဲ့လား ခင် .....

အာဒံနဲ့ဧဝက စတယ်ပဲဆိုဆို
အသဲနှလုံးရဲ့ ရာဇာဝင်မှာ
ချစ်သော ခင့်ကို စာတင်ဖို့
ဟောဒီကမ္ဘာပေါ်မှာ ဝေါဟာရ
ရှာမတွေ့သေးပါဘူး လေ .....

ခင် ကြိုက်ရင် အညှာကိုချိုး
ခင် မြတ်နိုးက ပန်ချင်ပန်ဆိုတဲ့
ဆရာမောင်စိန်ဝင်း ကဗျာထဲကလို
မောင် ကတော့ ဥယျာဉ်မှုး
ခင် ကတော့ ပန်းအသွယ်သွယ်
အရိပ်နေနေ အခက်မချိုးပါဘူး
ခင့် အခက်တွေ ဝေဆာမြူးအောင်
အချစ် မေတ္တာ သစ္စာတွေနဲ့
အကြင်နာတွေ ရင်မှာပျိုးကာ
ရေလောင်းကာ ပေါင်းသင်ပါမယ်
ခင့် တစ်သက်တော့ မညိုးရဘူးပေါ့ ....

တစ်နိင်ငံရယ် ရေမြေရယ်ခြားလို့
ခင့် မျက်နှာ တစ်ခါမညိုးပါနဲ့
ထားခဲ့ကတိ တွယ်ညှိအကြင်နာ
ဆယ်ကမ္ဘာတောင် မမေ့သူမို့
တစ်မိုးအောက်မှာ မဖောက်လွဲ
ထာဝရ အတွက်ပါပဲ ခင် ....

ကောင်ကင်က နေ တစ်စင်းကြောင့်
လ တစ်စင်း ဝင်းတောက်သလို့
ဒီရင်မှာ
အလွမ်းတွေ ပြေပျောက်အောင်လို့
အတိမ်းခက်လို့လည်း မစိမ်းရက်နဲ့
တို့အနာဂတ်တွေ ကြည်စယ်မြူးအောင်
ခင် ရေ
အားငယ်သနားရင် နားလည်ထားပါကွယ် ....

No comments:

Post a Comment