ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, August 13, 2013

တစ်ခါတုန်းဆီက ပါးတစ်ခြမ်း

တစ်ခါတုန်းဆီက ပါးတစ်ခြမ်း
------------------------------

အတိတ်ဆိုတဲ့
.. အရိပ်လှိုင်းတွေကြောင့်
စိတ်တွေက ထိုင်း လို့
.. အသိတွေကပါ မှိုင်း
ဩော်
.. လူကလေ အရူးတစ်ပိုင်းနဲ့
ဝေ့ဝါးစွာ နိုးထလာတော့

မြင်မြင်စေရာ နင့်ရုပ်လွှာက

ပေါ် ပေါ် လာသေးတော့

.... လွမ်းမိသေးတယ် မှတ်မိသေးတယ်

တစ်ချိန်တစ်ခါဆီက ....

ငါ နမ်းခဲ့ဖူးတဲ့ နင့် ပါးတစ်ခြမ်းရယ်
နင် နမ်းခဲ့ဖူးတဲ့ ငါ့ ပါးတစ်ခြမ်းရယ်က

ခုချိန်ထိတော့
သင်းပျံလို့ မွှေးနေစဲပေါ့
ငါ့ ကိုမချစ်တဲ့ ငါ့ ချစ်သူရေ .....

No comments:

Post a Comment