
မိ မာ ယာ
------------
တော်ပါပြီ မိမာယာရယ်
အဆင်းတော့ လှပါရဲ့
အချင်းမှ မလှတာလေ ..
ချစ်မိသူ အသည်းကြွေပြုန်းလို့
ငါ့ ဘဝတော့ အမြဲသေဆုံးမယ်
နင် မထင်လိုက်နဲ့
ပြောပြရင် သောကမျက်ရည်ကြမယ်
အိုင်တွေ့တိုင်း ခြေဆေး
တစ်ခြုံကွယ် တစ်မယ်မေ့
အဲ လက်သုံးစကားက
ယောက်ကျားတွေကို ပြောရမဲ့စကား
နင်နဲ့ကြမှ ခါးသွားတာ သနားတယ် ....
အကြင်နာမပါပဲ မာယာတွေနဲ့ဆို
နင် အရင်တစ်ခါတည်းက ဝင်မလာနဲ့
ထွီ ရွံလိုက်လေခြင်း သွားစမ်းဝေးဝေး
လူမနီး သူမနီး ဟို ဂျောင်ခရီးကို
ဟောင်းနွမ်းနေတဲ့ နင့် အဆင်က
လမ်းဘေးနားက တစ်ရာဖိုး သုံးထည်
ဘေထုပ်လောက်မှ တန်းဖိုးမရှိ
မာယာတွေ ပေါနေရင် နင့်အတွက်
တစ်နေရာ ရှိတယ် သေခြာမှတ်ထား
ဟိုး မြို့ရွှေ ရန်ကုန်ကလေ
ညဈေးဆိုတဲ့ ကမ်းနားက
သံဈေးမှာ သွားရောင်း လိုက် .....
No comments:
Post a Comment