ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, August 29, 2013

ဘယ်အချိန်များမှ

ဘယ်အချိန်များမှ
------------------

လက္ခဏာက စွန့်လွတ် လို့ရယ်
အနစ်နာခံ ပေးဆပ်ခြင်းတွေနဲ့ပါ
ရာမကတော့ ခွင့်လွတ် တစ်သွယ်
နားလည်တစ်ဖုံ သီခံခြင်းအကုန်နဲ့
ချစ်ခဲ့ကြပါတယ် သီတာ …..

ဘယ်ကြမ္မာ ရန်ငြိုးကြောင့်နဲ့များ
ငါလို မင်းဒဿမှ ရယူခြင်းတဲ့လား
ပိုင်ဆိုင်မှု ကြီးခြင်းတဲ့လား သီတာ ….

အချစ်နဲ့စစ်မှာက မတရားဘူးတဲ့လား
တရားသောစစ်ပွဲကို ငါ နွှဲခဲ့တာပ
ခုနှစ်ပြည်ထောင် မင်းတို့မှယှဉ်ပြိုင်ရတဲ့
ပဏ္ဍာဆက်သ ပွဲကြီးပါ သီတာရယ် ….

နှလုံးသားချင်း မယှဉ်ဝံ့လို့
အားမတန် မာန်လျော့ခဲ့တာပ
ငါ ပိုင်တဲ့ သ င်္ဂိုလ်ပြည်ကြီး ပင်
မီးလောင်ကလေ ပြာကြပါစေ
နှလုံးသားတွေ ပျက်ကြွေကြလို့
အသက်တွေပင် ဆယ်ခါသေစေ
ငါ ၏ သစ္စာ ငါ ၏ အချစ်
ငါ ၏ မေတ္တာ ငါ ၏ အကြင်နာတို့က
ဘယ်အချိန်များမှ သေဆုံးနိင်မလဲ ဆိုတာ ....

No comments:

Post a Comment