
ကျွန်တော်ချစ်သူမှာ ချစ်သူရှိတယ်
-----------------------------------
ဝေးပြီးလားကွယ် ချစ်သူရယ်
စတောင် မစရသေးတဲ့
မောင့် အချစ်ဇတ်လမ်း ဒီမှာတင်
တစ်ခန်းရပ်ရတော့မှာလား ခင် .....
ခင် ကလေနော် ပင်ကိုယ်အဆင်းက
တစ်ကယ်ပင် ရိုးရိုးလေးလှသူမို့
အသည်းထဲပြစ် စွဲလန်းချစ်မယ်
မောင် ကြံရွယ်တော့ ချစ်သက်လျာက
ချစ်ဦးသူရယ် ရှိနေပြီတဲ့
ဒီအဖြေစကား နားမှာကြားတော့
ဘဝင်တုန်နွမ်း ရင်ခုန်ပမ်းလို့
ဒီ ရင်မှာတော့ ကျွမ်းခဲ့ပြီ .....
ခင် ရေ
ခင်မမြင် ခင်မသိပေမယ့်
ဒီရင်မှ ချစ်ခြင်းများကိုလေ
ပြောကာပြမယ် နားနဲ့မနာ
နှလုံးသားနဲ့သာ နားပေးပါကွယ် ချစ်သူရယ် ...
မောင့် အချစ်ကိုတော့ဖြင့်လေ
စိန် ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေနဲ့
ဈေးမဖြတ်နဲ့နော် ပကာသနတွေက
သဘာဝရဲ့ ပြရုပ်တစ်ခုပါ
ခင့် အပေါ်ထားတဲ့ မောင့် ချစ်ခြင်းက
နေ လိုအလင်း လ လိုအဆင်းနဲ့
အေးမြတဲ့ ချစ်ခြင်းတွေပါ ချစ်သူရယ် ....
ခုများတော့
မပြစ်ရသေးသော မောင့် အချစ်မြှားက
လမ်းတစ်ဝက်မှာတင် အလွမ်းသက်သက်မို့
မကြင်နာလို့ တမင်ခွာစိမ်းရင်လည်း
ရင်နာခြင်း ကမ်း ဟို ခပ်လှမ်းလှမ်းမှာ
တစ်ယောက်ထဲသာ ဖော်မပါပဲ
သံယောဇဉ်တွေ မြေမြှုပ်ပါမယ် ခင် ....
No comments:
Post a Comment