ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, August 13, 2013

နင့် အတွက် လူသားပင်ဖြစ်ခဲ့လေသလား




နင့် အတွက် လူသားပင်ဖြစ်ခဲ့လေသလား

------------------------------------------



...... ကြာပြီလေ

ထားခဲ့သူက မေ့နိင်ပေမယ့်

ကျန်ခဲ့သူက အနေခက်လို့

ဝေဒနာဒါဏ် အမောတွေကို

ဖြေသာအောင်ရယ် ကဗျာခြွေလည်း

စိုးစိတ်မှာ ဗျာပါဒနဲ့

တိုးတိတ်ကာကြွေ နင် မသိပါလေ ......


အကြွေပန်းကို ခြွေမနမ်းပဲ

ပူသမျှအပူ အတူမျှကာယူမယ်ဟဲ့လို့

သဒ္ဒါလွန်ရစ် နယ်ကျွံကာအချစ်တွေနဲ့

အချစ်ကြီးပင် ချစ်ခဲ့မိတော့

နားလိုက်တဲ့ သည်အသဲရယ်က

ဟပ်တက်ကြီးကို ကွဲခဲ့တာပ ...


... မေးပါရစေလေ

သံယောဇဉ်ဆိုတဲ့ ကြိုး က

လျော့သွားရိုးလား ဟင်

ပတ်ထားနှောင်ရစ် ဒီအချစ်က

ဝေးလည်းချစ်နိင် နီးလည်းချစ်နိင်ပါ

သစ္စာယွင်းသူရယ်လို့ ငါ့ ကိုလေ

နင် ကတော့ ယိုးမယ်ဖွဲ့

ငြိုးမာန်ချက်က သုဘဒ္ဒါမခြား

ရက်စက်ရက်ပါလား နော်

ဒီ သံသရာထဲမှာမှ

ကံကြမ္မာနည်းစွာနဲ့ပေါ့

သံယောဇဉ် ဒီ လူသားကို

နင် အသဲခွဲဖို့အတွက်များ

ဩော်

လူသားပင် ဖြစ်ခဲ့လေသလားလို့ .....

No comments:

Post a Comment