အိပ်တော့ ခင်လေး ရယ်
♥♥♥♥♥♥♥♥♥♥♥♥♥

ရင်ခုန်သံတွေ
စည်းချက်ညီလို့
မနေ့ညက
ကျွန်တော်နဲ့သူ
အိပ်မရဘူးပေါ့ .....
အရွယ်လွန်ကာ
၂၅ကျော်တွေလေ
ရည်းစားကိုယ်ဆီ
ရှိခဲ့တာတော့
သိလို့နားလည်
သဘာဝလေကွယ် ...
မာယာလည်း မပြ
မူဟန်လည်း မကြွ
မနောရယ်ဖြူ
စိတ်လေးရယ်လှ
ဘဝင်နှလုံး
ရွှင်ကြည်ပြုံးကာ
နူတ်မူလှလှ
ဖွင့်လှစ်ပြတော့
ရင်တွေရယ်တုန်
အိပ်မရပုံက
မိုးတွေတောင် လင်း
မြူတွေတောင် ကင်း ....
ခင် ရေ
ထားသိ စိတ်တွေ
အရိပ်ခြေမို့
ကွေ့ကွင်းဆင်းရဲ
သောကမီးလျှံ
ရင်ဝယ်ဆူလှိုက်
ဘလောင်ခိုက်လို့
အိပ်မရရင်
အကို လေ
တေးဆိုကာ ချောလို့သိပ်မယ်
အိပ်တော့ကွယ် ခင်လေး ရယ် ....
No comments:
Post a Comment