
ဘာကြောင့်လဲ ချစ်သူ
-----------------------
ကောင်းကင်က နေ တစ်ဖြောက်
............. ဒီရင်ကို အလင်းတောက်စေတယ်
ကောင်းကင်က လ တစ်စင်း
............. ဒီရင်ကို အေးမြစေတယ် .....
နေ တစ်ဖြောက်ကြောင့်
ရေခန်းခြောက်သလို
လ တစ်စင်းကြောင့်
နေ မင်းပျောက်တယ်
နေ့ အခါမှာ ကြယ်ရောင်မမြင်
ည အခါမှာ အလင်းမတွေ့
ဒီရင်ထဲက နင့် ပုံရိပ်
သံကွန်ခြာတွေ အလုံပိတ်ထားတောင်
ဘယ်အခါမှ မပျောက်တာက ???
No comments:
Post a Comment