----------------------
ကဲ ကဲ ဟို အမ
ကျွန်တော်အတွက် ဆင်ဆာကြပြီလားဗျ
ဆင်ဆာကြရင်လေ ကဗျာဆိုတာစမယ်
မာယာမပါဘူး ကျိန်စာမပါဘူး
အလိမ်မာဆရာတွေမလိုဘူး
အခါတော်ပေးတွေမလိုဘူး
ရင်ထဲက ဒဏ်ရာ တွေ
မဖြေသာဝေဒနာတွေနဲ့
မေတ္တာတွေရယ် စာသီပေးမယ်
ကမ္ဘာဦးအစ လူသားရယ်လို့
ဖြစ်လာကတည်းကပေါ့ဗျာ
အချစ်ဆိုတာ ပါလာလေတော့
မေတ္တာနဲ့ အသဲ နှင်းအပ်ကာပေးတဲ့ပွဲမှာ
အတုန်းအရုံး ကျဆုံးခဲ့သူဆိုတော့
ခင်ဗျာတိုလို မသူတော်တွေက
ကျွန်တော်ဘေးမှာ အဖော်အဖြစ်ပါမယ်
ကဲပါ လေပြေတွေ သွေးနေတာနဲ့ပဲ
အချစ်အဘိဓမ္မာဆရာမကြီး မိမိဝါဆိုတဲ့
ကဗျာမရေးရဖြစ်နေမယ်
ဆင်ဆာကြရင်ပြော ဟော ဟိုနားက
ကျွန်တော် စောင့်နေမယ် အမ ...

No comments:
Post a Comment