သခင်မြင်လို့ ကြင်လည့်ပေါ့ .
-----------------------------

သုံးလူထွတ်တင် ဘုန်းတော်အန္တန
ကံတော်ဥာဏ် အန္တနတွေနဲ့ရယ်
ပြည့်စုံတော်မှုသော အရှင်မြတ်ဘုရား ....
တဗည့်တော်သည် သူ့ အပေါ်တွင်
ရှေ့ရေစက်ကြောင့် တဏှာလွန်ရစ်
နယ်ကျွန်နစ်ကာ အချစ်တွေပင်
ဖြစ်ပေါ်မိပါ၏ ။
တဗည့်တော်သည် သူ့ အပေါ်ဝယ်
မေတ္တာမယွင်း သစ္စာမြဲခြင်းနှင့်အတူ
ပေးဆပ်ချစ်ခြင်း နားလည်ခြင်းနှင့်
တန်ဖိုးထားကာ ရင်မှမြတ်နိုး
တိတ်တစ်ခိုးနဲ့ ကျိတ်ပိုးချစ်ရ
အလွန်ပင်ရယ် ကြာလှပါပြီ ဘုရား ....
တဗည့်တော်သည် သူ့အပေါ်မှာ
အကြွေးပန်းမို့ ခြွေနမ်းသလိုများ
စိတ်အတွေးဝယ်ပင် မဖြစ်လင့်ကစား
ချစ်တာသိလို့များ သူကသာသစ္စာရှိရင်
တစ်မိုးအောက်မှာ မဖောက်လွဲ
ချောက်ထဲလည်း ဆင်းရဲပါတယ် ဘုရား ။
သက်ပိုင်ညှာမှုး အချစ်ရူးမို့
အတိမ်းခက်လို့ သူစိမ်းရက်ရင်
ရင်တွင်းဝယ် နေဆယ်စင်းလို ပူပါရဲ့
အရိပ်နွေမှာ အခက်တွေ
ဝေဆာမြူးအောင်
ချစ်သူရေ .......
သခင်မြင်လို့ ကြင်လည့်ပေါ့ .........
No comments:
Post a Comment