ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, August 14, 2013

နှလုံးလှလူမိုက်

နှလုံးလှလူမိုက်
----------------

လူမိုက်က ကျွန်တော်
အဖော်က နှလုံးသား
အပြုံးများနဲ့ လူသားပေါ့ ...

အော်
ဖော်သဟာဆွေ
ပျော်ပါစေလို့
ဟာသတစ်ဖုံ
နည်းလမ်းစုံနဲ့
သိသလောက်လေး
ကူညီပေးရင်း
စေတနာတွေ
ဝေဆာဖြိုးပေမယ့်
မလိုသူများ
တယ် စော်ကားပါလား ....

မာနမကြွယ်
ပညာလှယ်လို့
သဏ္ဍာန်ရုပ်နဲ့
မာယာမလုပ်
အမှန်ဟုတ်ကို
ပြောပါသော်ညား
မာယာများက
အားရယ်မနား
လျှာရယ်မကျိုး
တယ် ဆိုးပါတကား ....

ရှိပါစေတော့
ဟိုရင်ဘဝ
အတိတ်ကံပါ
မကုန်သ၍
ပေးစပ်နေလို့
ကမ္ဘာ တည်စဲ
ငါ သည် မမြဲ
သင်လည်းတစ်နေ့ ကြုံရမည် .....

No comments:

Post a Comment