ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, August 29, 2013

ဥဿဖရားလိုပါ ခင်





ဥဿဖရားလိုပါ ခင်
--------------------

စိန် တဲ့လား
တော်ဝင်တာပေါ့နော်
စိန် ကဲသို့တော့
ချစ်သောခင့်ကို
မကြည့်ချင်ဘူး
စိန် နဲ့ မနှိုင်း
စိတ်တော့မရိုင်းနဲ့
စိန် တို့မည်သည်
တစ်ခါကြည့်ရင်
မှတ်မိပါ၏ ခင် ...

စိန် နှင့်မခြား
ဥဿဖရား နှယ်
ချစ်သောခင့်ကို
ခဏခဏသာ
အခါအခါရယ်
ကြည့်မဝတဲ့
အကြည့်မျိုးနဲ့
အရိပ်တစ်ကြည့်ကြည့်သာ
ကြည့်နေချင်တယ် ချစ်သူရယ် ...

No comments:

Post a Comment