
ခင်ဦး သို့
----------
ကျန်ရစ်သူ အသည်းရယ်က
ကျန်စစ်လိုပါ ခင်ဦးရယ် ...
အတိတ်ကြောင်း ရာဇဝင်ကို
ပြန်ပြောင်းကာ ပမာတင်ရရင်တော့
နှလုံးသားကို စတေး ကာပ
ဩော်
အရှင်အတွက် အရေးပေမို့
သေဘေးကိုတဲ့ မမြင်သာ
ချစ်မိတဲ့ ဝန်တာတွေပါ ခင်ဦးရယ် ....
အရိန္ဒမာကို သစ္စာတည်လို့
တူနှစ်ကိုယ် ရွှေလက်တွေရယ်
မြဲခဲ့ပေမဲ့ ကံကြမ္မာရယ်လေ
မျက်နှာမပေးတော့ တစ်ကယ်ပါ
ခင်ဦး ရေ နင် ဟာလေ
နန်းထိုက်ကာ တော်ဝင်သူမို့
စစ်ပွဲတစ်ရာသာ နွှဲလိုက်ချင်ပါရဲ့
နှလုံးသား တိုက်ပွဲမှာတော့ဖြင့်
သစ္စာ မေတ္တာ အချစ်သမားက
အားမတန် မာန်ကိုလျော့မယ်ခင်ဦး ငယ်နှမ သိစေကွယ် ........
No comments:
Post a Comment