--------------------
တော်ပါပြီ မိဝေ ရယ်
မာယာတွေကြွယ်သူမို့ နင် နင်း လိုမှ နင်း
ခြေ လို က ခြေ
အဲ ဘဝကိုလေ
မရောက်ခင် ကတည်းက
ငါ က နင့် အတွက်ဆို
ကြွေခဲ့ရသူပါ မိဝေ ....
မချစ်လို့ မုန်းပြီဆိုမှတော့
ပြုံးမပြပါနဲ့ တော့နော်
နှုံးချိချိ ငါ အသည်းလေး
ဆဒ္ဒန်ဇတ်က သုဘဒ္ဒါလို ပေါ့
နှစ်ခါတော့ မကွဲပါရစေနဲ့ မိဝေ ...
နင် နားလိုက နားရအောင်
သစ်တစ်ပင်လိုလည်း နေပေးခဲ့တယ်
စွန့်လို့ကို စွန့်ရအောင်လည်း
တစ်ခါသုံး တစ်ရှူးလို နေပေးခဲ့တယ်
ခုတော့ဟာ မရွှင်အသည်းနာ
ရင်ကွဲကာ ကျန်ခဲ့သူမို့
ငါ နေတက်အောင်လို့လေ
လွပ်လပ်စွာ ငှက်တစ်ကောင်နှယ်
ပျံသန်းဖို့ လွှတ်ပေးပါတော့ မိဝေ ...

No comments:
Post a Comment