ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, August 31, 2013

မျှော် မိ သူ



မျှော် မိ သူ
------------

ချစ်သော ခင် ရေ

တစ်နိင်ငံရယ်

ရေမြေခြားလို့

ဝေဒနာက

တစ်ဆစ်ဆစ်နဲ့

တိုးလာပြန်ပေါ့

ချစ်သူ ခင် က

မေ့နေသော်ညှား

မောင်ဘုရားက

သစ္စာထားလျှက်

ကြင်နာမပျက်

မေတ္တာဖတ်ရင်း

တူနှစ်ကိုယ်ရယ်

ရွှေလက်ဆက်ရေး

မျှော်ရင်းတမ်းတ

မဝေးသောနေ့က ကြာကြာလှပါနော် ......

အချစ်ဆိုသော ပန်း

အချစ်ဆိုသော ပန်း
==========

အမှတ်မရှိတဲ့

ချစ်တက်တဲ့ အသဲနဲ့ လူမို့လေ

သုဘဒ္ဒါလို အသည်းနှစ်ခါ

ကွဲခြင်လည်း ကွဲပါစေတော့

အရိုးစွဲအောင် ချစ်မှာမို့

ချစ်သူရေ .....


နှလုံးသားတံတားဝယ်

အမုန်းတရားမပါပဲ

အချစ်ဆိုသော ပန်းတွေကို

အတူတူ ကောက်ရအောင်ကွယ် ...


အားပေးကြစို့လား



အားပေးကြစို့လား
-------------------
ကောင်းကြီး ငါးတန်

ဘက်ရည် တန်လို့

ဝင်းမှဲ့ ပြည်ြ့ဖိုး

အလှ တိုးကာ

နိင်ငံ ဂုဏ်ဆောင်

ရှပါ မငြီး

ဒီ သမီး ကို

အားပေး ကြမယ် 

စိတ်ရင်း ညီနဲ့

မြန်မာဆိုတဲ့ အသိ
ကမ္ဘာက သိအောင်
သူငယ်ချင်း တို့ရေ
လက်ခုပ်သံ မြိုင်မြိုင်နဲ့
အားပေးကြစို့ လား 
တို့မြန်ပြည်သူတွေရဲ့အား
သောင်း ထိုက် က ကြား .....

ကျွန်မက တောသူပါ မောင်



ကျွန်မက တောသူပါ မောင်
---------------------------

ကျွန်မကတောသူပါ မောင်
သဘောကတော့ ဖြူပါ ရှင် ....

တော်သူဆိုပြီး မတော်တန်အကြည့်တွေရယ်
မလျော်ကံ အနားတော့ မကပ်လေနဲ့
စိန် ရွှေ ငွေ ဆိုတာတွေကလေ
လောကရဲ့ ပကာသနတွေပါ
ဆန်ပေးမှ ဆီရဆိုသလို
ရွှေစွန်ညို ဘာလိုလို့ ဝဲသလဲ
အသဲခြင်းတူရင် ကြည်ဖြူမပေါ့
ဘာအရောင်မှ မပါ ပါနဲ့လား ရှင် ....

ခေတ်ရှေ့ကိုလည်း မပြေးချင်ပါ
ခေတ်နောက်တော့လည်း မကျပါဘူး
မိတ်ကပ်ဆိုတဲ့ အသုံးဆောင်က
သနပ်ခါး လူးထားတဲ့ ကျွန်မပါးက
ပါးကွပ်ကြားလောက်တော့
မမွှေးပျံနိင်တာ ရှင်မမြင်ရှင်မသိလေသလား ...

ဘုရားရယ် တရားနဲ့ မိဘရိုသေ
အဖိုးထိုက်တဲ့ မြန်မာမိန်းကလေးပါ
ငွေအသပြာတွေ ခြူကာလေ မပြပါနဲ့
တောင်ယာလယ်လုပ် ပျိုးနုတ်ကောက်ခြွေ
သဘာဝကပေး ပကာသနမပါတဲ့သူလေးမို့
မောင်ကြီးရေ ယောင်ပြီးလို့များ
အပျော်တော့ မကြံလေနဲ့နော်
ကျွန်မ လက်ဖဝါးကတော့ နုနုရယ်ပါ
ရှင့်ပါးကိုတော့ သွေးခြေဥနိင်ရဲ့
မောင်ကြီးသာလေ သနပ်ခါးပါးကွပ်
တစ်အားဖက်လို့ မွှေးတက်ရင်ပေါ့
လူကြီးစုံရာနဲ့သာ လာလို့မြန်း
ကျွန်မလေ မယားဆိုတဲ့ ဝတ်တရားတွေ
ကျေပြစမ်းပါမယ် ရှင် ...

Thursday, August 29, 2013

ဆက်ထုံးပြယ်


ဆက်ထုံးပြယ်
--------------

နင် မလွမ်းဘူးနော် ....

တစ်ကယ်တန်းဆို

ငါ သာလွမ်းရ

နင် ကတော့လေ

အဖော်သစ်တွေနဲ့

ပျော်ရစ်ကာ

ပြုံးနိင်ရက်တော့

ဩော်

ငါ ကျစ်ခဲ့သော ကြိုး က

. ဆက်ထုံးပြယ် ....

ချစ် သူ သိ စေ




ချစ် သူ သိ စေ
♥♥♥♥♥♥♥♥♥

ချစ်သူရေ
ချစ်တယ် ဆိုတဲ့ စကားတွေလည်း
ခဏခဏလေ မပြောချင်ဘူး
ပြောပါများက ရိုးသွားမှာကို
တွေးလို့ရယ်ကြောက် ကြောက်မိတယ် သခင် ....

အသဲထဲပိုက် ဓါးနဲ့စိုက်ပါ
သခင်သာလျှင် ဘုရင်မမို့ 
သခင်စေရာသွား သခင်ထားရာနေ 
သခင်ပျော်ရင်ပြုံး နေသူမို့လေ
အပယ်ဘဝလို့တော့ မနေပါရစေ သခင် ...

တစ်နိင်ငံရယ် ရေမြေခြားလို့
ဖောက်လွဲမှာလည်း စိုးထိတ်ဗျာပွေ
စိတ်အားငယ်ကာ မကြောက်ပါနဲ့လေ
အကို ချစ်တာတွေများ သိလို့ပေါ့
သစ္စာလေးသာ ရှိကြပါက
နားလည်းမှုသာ ရှိကြပါက
နှလုံးသားတွေ စိတ်ခြင်းနွယ်လို့
အမုန်းဆိုတာ ဝေလာဝေး
ဘယ်အခါများ လွဲမလည်း သခင်ရယ် ....

အားငယ်နေရင် နားလည်းထားပါကွယ်
မခွဲတမ်းတစ်သက် စွဲလန်းလျက်မို့
အကို့လေ ခင့် ကို အရမ်းချစ်တယ် .....

ထာဝရကောင်းကင်ပါ ခင်



ထာဝရကောင်းကင်ပါ ခင်
-----------------------------

ကောင်းကင်က နေ တစ်စင်း
ဘယ်လိုပင် ပူပြင်းပူပြင်းပေါ့
ရင်တွင်းက အချစ်ဒဏ်ရာ
နေ တစ်ပျောက်ဆိုပေမယ့်
သေလောက်အောင်ခံစားရတယ် ခင် ....

ကောင်းကင်က ရေ တစ်ပေါက်
ခမ်းခြောက်တာ ပပျောက်စေပေမယ့်
ရင်တွင်းက အလွမ်းမိုးတွေ
နွမ်းညိုးတာကို ပိုပိုလာစေတယ် ခင် ...

ကောင်းကင်က လ တစ်စင်း
အရာရာကို ထွန်းလင်းစေပေမယ့်
ရင်းတွင်းကလေ ချစ်သူ့ပုံရိပ်
အလုံပိတ်ထား တာတောင်မှ
လင်းလက် အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ် ခင် ....

ကောင်းကင်က အဟောင်းတွေကို
အသစ် မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှ ချစ်ခြင်းများက
ပျက်ယွင်း ဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ် သစ်လွင်တောက်ပမှုတွေနဲ့
ရင်ကိုခွင်းလို့ ကြည့်လိုက်တိုင်း
ချစ်သူဆိုသော ကောင်းကင်က
သာသာယာယာပါပဲ ချစ်သူရယ် ...

ငါ သာလျှင် လူမိုက်

ငါ သာလျှင် လူမိုက်
-------------------

သံယောဇဉ်တွေ
ပြန်မပြောတော့ဘူး

စကားလေးရယ်
သုံးလုံးသာမို့
အသင်္ချေသာဆို
လူများရူးနိင်ပါတကား ..

မိတ်ဆွေဟူသည်
မည်သို့ခေါ်သနည်း
သူငယ်ချင်းဆိုတာ
ဘာကိုခေါ်သနည်း
လေလှိုင်းမှာကြုံ
လေလှိုင်းပုံနဲ့
နောက်များရွှေကြာ
ပို့တင့်တယ်သလား ???

ငါ ရှာဖွေသည့်
မိတ်ဆွေစစ်များ
ခုများဘယ်မှာ
ပုန်းနေကြသလည်း
ငါ ရှာဖွေသော
သူငယ်ချင်းများ
ခုများဘယ်မှာ
ရောက်နေကြသလည်း

သူ လည်းမဟုတ်
ငါ လည်းမဟုတ်
နာမ် ဆိုတဲ့ ရုပ်နဲ့
အပုတ်ကောင်ကြီး
ရုပ်ဆောင်ဟီးလို့
မမြဲလောက
လူဘဝမှာ
ငါ သာပင်လျှင်
စိတ်ဝယ်နှစ်လို့
ငါ ပင်ခံစား
ငါ ပင်လူမိုက်ပါတကား ....


 

မောင့်ဘဝပါ သခင်


မောင့်ဘဝပါ သခင်
------------
--------

ချစ်သော ခင့်ဆီ
ကဗျာ သီလို့
ပေးပို့ ချင်တယ်
သည်လို ပါကွယ် ...

ချစ်သော ခင် ရေ
ခင် ပျော်စေဖို့
နှလုံး သားတွေ
ပြာ ဖြစ်သွားလည်း
စက္ကန့် မလပ်
ချစ်သူအနားသာနေချင်တယ် ...

အသဲ စွဲအောင်
ချစ်မိ တာမို့
ငြိုငြင် ကာလေ
အပစ်မဆိုပါနဲ့လားကွယ် ...

မောင့် အချစ်များ
ထိုသို့ ပေးဆပ်
မယုံကြည်အပ်သော်
ချစ်သက် လျာက
တောင်းလာ မှန်လျှင်
မငြင်း ကြည်ဖြူ
မောင် ပေးလှူမည်
ရင်ကို ခွင်းလို့
နှလုံးသားတစ်စုံယူပေါ့ အတည် ....

မံမီတွေလိုသာ

မံမီတွေလိုသာ
-----------

ပွင့်လင်းစွာနဲ့

ရင်ဖွင့်လို့ရယ်

ပြောလို့မရတဲ့

နှလုံးသားထဲက

သည် အချစ်တွေကို

အေဒီ ၁၄ရာစုရဲ့

တစ်ခေတ်တစ်ခါတုန်းကလို

ဆေးအစီအမံတွေခြယ်ရင်း

မပုတ်မသိုးအောင်ပဲ

မံမီလိုသာ လုပ်ထားပါရစေတော့

ချစ်သူရယ် ...........

ဥဿဖရားလိုပါ ခင်





ဥဿဖရားလိုပါ ခင်
--------------------

စိန် တဲ့လား
တော်ဝင်တာပေါ့နော်
စိန် ကဲသို့တော့
ချစ်သောခင့်ကို
မကြည့်ချင်ဘူး
စိန် နဲ့ မနှိုင်း
စိတ်တော့မရိုင်းနဲ့
စိန် တို့မည်သည်
တစ်ခါကြည့်ရင်
မှတ်မိပါ၏ ခင် ...

စိန် နှင့်မခြား
ဥဿဖရား နှယ်
ချစ်သောခင့်ကို
ခဏခဏသာ
အခါအခါရယ်
ကြည့်မဝတဲ့
အကြည့်မျိုးနဲ့
အရိပ်တစ်ကြည့်ကြည့်သာ
ကြည့်နေချင်တယ် ချစ်သူရယ် ...

ဘယ်အချိန်များမှ

ဘယ်အချိန်များမှ
------------------

လက္ခဏာက စွန့်လွတ် လို့ရယ်
အနစ်နာခံ ပေးဆပ်ခြင်းတွေနဲ့ပါ
ရာမကတော့ ခွင့်လွတ် တစ်သွယ်
နားလည်တစ်ဖုံ သီခံခြင်းအကုန်နဲ့
ချစ်ခဲ့ကြပါတယ် သီတာ …..

ဘယ်ကြမ္မာ ရန်ငြိုးကြောင့်နဲ့များ
ငါလို မင်းဒဿမှ ရယူခြင်းတဲ့လား
ပိုင်ဆိုင်မှု ကြီးခြင်းတဲ့လား သီတာ ….

အချစ်နဲ့စစ်မှာက မတရားဘူးတဲ့လား
တရားသောစစ်ပွဲကို ငါ နွှဲခဲ့တာပ
ခုနှစ်ပြည်ထောင် မင်းတို့မှယှဉ်ပြိုင်ရတဲ့
ပဏ္ဍာဆက်သ ပွဲကြီးပါ သီတာရယ် ….

နှလုံးသားချင်း မယှဉ်ဝံ့လို့
အားမတန် မာန်လျော့ခဲ့တာပ
ငါ ပိုင်တဲ့ သ င်္ဂိုလ်ပြည်ကြီး ပင်
မီးလောင်ကလေ ပြာကြပါစေ
နှလုံးသားတွေ ပျက်ကြွေကြလို့
အသက်တွေပင် ဆယ်ခါသေစေ
ငါ ၏ သစ္စာ ငါ ၏ အချစ်
ငါ ၏ မေတ္တာ ငါ ၏ အကြင်နာတို့က
ဘယ်အချိန်များမှ သေဆုံးနိင်မလဲ ဆိုတာ ....

Monday, August 19, 2013

အိပ်တော့ ခင်လေး ရယ်


အိပ်တော့ ခင်လေး ရယ်
♥♥♥♥♥♥♥♥♥♥♥♥♥
ရင်ခုန်သံတွေ 
စည်းချက်ညီလို့
မနေ့ညက 
ကျွန်တော်နဲ့သူ
အိပ်မရဘူးပေါ့ .....

အရွယ်လွန်ကာ
၂၅ကျော်တွေလေ
ရည်းစားကိုယ်ဆီ
ရှိခဲ့တာတော့
သိလို့နားလည်
သဘာဝလေကွယ် ...

မာယာလည်း မပြ
မူဟန်လည်း မကြွ
မနောရယ်ဖြူ
စိတ်လေးရယ်လှ
ဘဝင်နှလုံး
ရွှင်ကြည်ပြုံးကာ
နူတ်မူလှလှ
ဖွင့်လှစ်ပြတော့
ရင်တွေရယ်တုန်
အိပ်မရပုံက
မိုးတွေတောင် လင်း
မြူတွေတောင် ကင်း ....

ခင် ရေ
ထားသိ စိတ်တွေ
အရိပ်ခြေမို့
ကွေ့ကွင်းဆင်းရဲ
သောကမီးလျှံ
ရင်ဝယ်ဆူလှိုက်
ဘလောင်ခိုက်လို့
အိပ်မရရင်
အကို လေ
တေးဆိုကာ ချောလို့သိပ်မယ်
အိပ်တော့ကွယ် ခင်လေး ရယ် ....

ထာဝရဆိုသော အလွမ်း

ထာဝရဆိုသော အလွမ်း
---------------------

အချစ်ဆိုတဲ့ နှလုံးသားမြေမှာ
တိုနှစ်ဦးလျှောက် ခရေဖူးကောက်ရင်း
ခရေးဖူးကိုမှ နင် မမင်
နန်းထိုက်လို့ တော်ဝင်တဲ့ပန်း
သဇင်ဆိုတာကို လှမ်းပြန်ပေါ့
ရင်မှာသာ ကျွမ်း ဟိုဟောမှာ အလွမ်း ....

မသနားတော့ ကစားသလိုပ
ခေါ်ထားပေမယ့် သွားသူက
နင် ရယ်ပါနော် ချစ်သူရယ် ....

နင့် ကေသာ ဆံနွယ်ဖြားကိုလ
နမ်းမယ်ကွယ် ကြံရည်စူးလို့
လာခဲ့စဉ်က စိတ်ဝယ်တွေး
တစ်ကယ်တွေ့ရင်တော့ဖြင့်
ဘယ်လိုကွယ် ရင်ခုန်မှန်းမသိ
စိတ်ကူးဝယ် ပျော်ရွှင်မိတယ်
ဒါပေမယ့် တွေးမထင်ပုံ
မိသည်းညှာ မောင့်ချစ်သူက
သူစိမ်းရယ် ယောက်ကျားတွေနဲ့
ခွန်းနူတ်ချို ကြည်နူးလေတော့
လာခဲ့သူ မောင့်အမှားပါပဲ
နောင်တရယ် တစ်သီတစ်တန်းနဲ့
အိမ်အပြန်မှာ စိတ်ရယ်မပါဘူး
ပါလာသည် ဟိုကောင်ကြီးက
ထာဝရဆိုသော အလွမ်း ... 






သိပါတော့ လား


 သိပါတော့ လား
----------------

ရွှေလည်တိုင်
ဖော့ဖယောင်းရယ်နဲ့
မောင့် မျက်နှာ
ရှင်းသန့်လေးကိုပ
မော်ဖူးမယ် မေ က ကြံ ....

ကြံ ရွယ်ကာ ရည်စူးပေမယ့်
မေ့ ချစ်သူ မောင့် ဘုရားက
ငြူစူကာ မျက်မာန်မရှနဲ့ ...

တစ်သက် တစ်ခါ တစ်ဘဝပါလို့
ယုံပါကွယ် မောင်ဘုရားကို
သစ္စာဆို ကျိန်ဝံ့ပါရဲ့
သောင်းထိုက်က ကြား
သိပါတော့ လား .....

ပန် ဆင် တော့ လေး





                                            ပန် ဆင် တော့ လေး
---------♥--------

ပန်းပေးမယ်
မောင် ရည်စူးလို့
ခင့် အတွက်ကို
ခူးလာတယ် ....

ရင်မှာကွယ်
မေတ္တာပျိုးလို့
အကြင်နာက
ပါသေးတယ် ...

သစ္စာကို
အဖော်ပြုလို့
ယုယမှုလည်း
ကျန်သေးတယ် ...

မေတ္တာ စေတနာ
အကြင်နာ ပန်းကို
ခင့် ကေသာ
ဆံနွယ်ဘေးမှာ
မောင် ကိုယ်တိုင်
ပန်ဆင်ပေးမယ်
ပန်ပါတော့ လေး ....

လွမ်း လျက်သာ ကျန်


လွမ်း လျက်သာ ကျန်
---------------------

တွယ်မလိုနဲ့ တိမ်း

နွယ်မလိုနဲ့ ယိမ်း

အချစ်ရေ သူစိမ်းတွေလို

မသတ်မှတ်ခဲ့ပေမယ့်

အစိမ်းတစ်ကယ် ခွဲတော့လည်း

မွန်းကျပ်တုန် ရွှေရင်နွမ်းပါပေါ့

ဟင်း .............

သည် နေလည်း စိတ်ညစ်တယ် ....

----------------------------------------
တွယ်မလိုနဲ့.. တိမ်း....
နွယ်ပင်တွေလို ယိမ်း....
သူစိမ်းလို့.. ကိုယ်ကျန်... လွမ်းရင်းနဲ့... ပြန်...
တမ်းချင်းတို့ နှင့်... ချန်ခဲ့ပါသည်....
အလွမ်းရင် သောက... ပြောပြတော့ဘူး....
ကျွမ်းဖူးခဲ့သမျှ... ထာဝရ တွယ်...
ပစ်ပယ်ခဲ့လည်း... ကျေနပ်ရဲပါသည်...

ပြောပြမှ သိမှာလား ခင်

ပြောပြမှ သိမှာလား ခင်
------------------------

တစ်ခန်းတစ်နားနဲ့
ချစ်စကား တော့မဆို

ရင်ထဲက အတိုင်းအစ
နှိုင်းပြဖို့ ဝေါဟာရဆိုတာမရှိ
နှလုံးသားထဲက သည်အချစ်
ဖွင့်လှစ်ကာ ပြောပါမှ
သိမှာလား ခင် ....

ခင် မမြင် ခင် မသိပေမယ့်
ခင် သိရင် ကျေနပ်ပါတယ်လေ
ဆို ဆိုတဲ့ အတွေးနဲ့
ကဗျာသီကာ အလင်္ကာစာလုံးတွေနဲ့
ဖွင့်ဟကာ ပြောလိုက်ချင်ရဲ့
အမြဲတမ်းတစ်သက် စွဲလန်းလျက်မို့
တစ်ကယ်ပါ ခင် ရယ်

မောင် လေ
ခင့် ကို အရမ်းချစ်တယ် ..... 


 

ကြယ်တစ်ပွင့်သို့ လွမ်းဆွတ်ခြင်း



 ကြယ်တစ်ပွင့်သို့ လွမ်းဆွတ်ခြင်း
----------------------------------

ရာသီဖောက်ပြန် အကြောင်းမမှန်လို့
ကျွန်တော်တစ်ကယ် နေမကောင်းတာပါ ဆရာ ...

နိုးနိုးခြင်း လေ ဖေ့ဘုတ်ဆိုတာ ဖွင့်မိတော့
ရင်နာလိုက်လေခြင်း တန်းမြင်မိတယ် ဆရာ ....

ဆိုးလိုက်တဲ့ 2013ရဲ့ သြဂုက်လ
ကျိန်စာတွေပင် သင့်နေရော့သလား ....

စာပေတွေ ဝင့်ချီလို့ ဆေးချယ်ကာပုံပြု
သုခုမတွေအတွက် သေမင်းရယ်
ပေးတဲ့အချိန် က ဒီလောက်ပဲလားဗျာ ....

ဘယ်သူသေသေ အတေမာပြီးရောတွေကျ
ကပ်တွေပင် ကျော်သွားလေသလား ....

လူဆိုတာ သေမျိုးကြီးပါလေ
ဒါပေမယ့် ဗျာ
ကျွန်တော်တို့မှ မဟုတ်ပါဘူး
တိုင်းပြည်အတွက်တော့ ရူံးလိုက်လေခြင်း
ခန္ဒာဆိုတာ မမြဲလေခြင်းမို့ သွားနှင်ပေါ့ ဆရာရယ်
စကားလုံး လှလှတွေနဲ့ အသိဆိုတာတွေ တိုးခဲ့စေလို့
ဒဂုန် ဆိုတဲ့ ဒီ တာရာ က လူကပင်သေသော်ညား
နာမည်ဆိုတာ နှောင်းတစ်ခေတ်ထိ ကျန်အုံးမည် .....

"အချစ်ဆရာမကြီး မိမိဝါ"



 "အချစ်ဆရာမကြီး မိမိဝါ"
-------------------------

မေတ္တာနဲ့အသဲ နှင်းအပ်ကာပေးတဲ့
သည်ပွဲမှာ ဒဿလို့လေ
အတုန်းအရုံး ကျရူံးခဲ့သူက
ငါ တစ်ယောက်ထဲပါ မိမိဝါ ....

အကြွေပန်းကိုများ ခြွေနမ်းခဲ့သလား
နန်းထိုက်လို့ တော်ဝင်အောင်
အချစ်တွေနဲ့ ဆေးခြယ်ရင်း
မေတ္တာတွေမိုး သစ္စာတွေကာလို့
အကြင်နာတွေ များခဲ့တာပဲရှိခဲ့ပါတယ်
သူစိမ်းဆန်လွန်းတဲ့ မိမိဝါ ရယ်...

ကံကတော့ မနည်းပါဘူးလေ
ဥာဏ်ကတော့ တော်တော်မွဲလို့
အပြုံးလှပြီး နှလုံးကမလှ
အယူလွဲလို့ အတွေးချော်ကာ
ခေါင်းကတော့ တော်တော်မာသား
နင့် အတွက် ရင်လေးမိတယ်
နောင်များမှ မောင်ဘုရားရယ်ဆိုပြီး
မပဒ္ဒါလို မြေမလူးမိစေနဲ့ မိမိဝါ ရေ .....

အွန်လိုင်းဆိုတော့လည်း နင်ကတော့
လေလှိုင်းမှာတင် မာယာတွေ
အသင်္ချေတစ်ပိုင်းနဲ့ ပျောက်သွားတာပ
ရီလေးရှစ်ဆိုတာ ရိုမန်တစ်တဲ့လား
ဒါတွေကို မတောင်းဆိုပေမယ့်
ချစ်တာသိရင် သစ္စာရှိရမှာပေါ့
ခုတော့
မကြင်နာအမုန်းစိတ်သုံးလို့
ငါ့ ကို သစ္စာမရှိသူလို့ ယိုးမယ်ဖွဲ့
နင် ကတော့ ထောက်ထားမညှာပဲ
နောက်အသစ်ဇယားတစ်ပွေနဲ့
ဖောက်ပျောက်နေပါလား မိမိဝါ ....

ဖြစ်ကြောင်းကုန်စင် သိနေညားလည်း
လက်တွဲလို့ရယ် ခေါ် ခေါ်သူကိုမှ
ပြောရက်လိုက်တဲ့ စကားတွေက
မသူတော်လို့ တစ် ဖုံ ရယ်
မစားရတဲ့ အမဲ သဲနဲ့
ပက် တယ်လို့က တစ်မျိုး
အမေနဲ့ ဆဲတာက တစ်သွယ်
တရားကြဖို့ ကောင်းပါတယ်
ဒါပေမယ့် လေ
ဘယ်သူကိုမှ ငါ အပစ်မပုံပဲ
ငါ့ အတိတ်ကံ ဝဋ်ကြွေးလို့
မှတ်ယူထားခဲ့ပါတယ် မိမိဝါ ရယ် ....

မုန်းတော့ မမုန်းပါဘူး လေ
မနမ်းထိုက်တဲ့ ပန်းဆိုတာ
သိသိကြီးတောင် နမ်းခဲ့သေးတာပဲ
ငါ ဆုတွေပဲ တောင်းနေမိပါတယ်ဟာ
နင် လိုပေါ့ ချစ်တာသိပြီး
သစ္စာမရှိတဲ့ သူမျိုးနဲ့လေ
ဘဝဆက်တိုင်း ဝေးပါစေလို့ပေါ့
ငါ့ ကိုမချစ်တဲ့ အချစ်ဆရာမကြီး မိမိဝါ .......

ချစ် မိ ပြီ ပေါ့

ချစ် မိ ပြီ ပေါ့
--------------

မွှေးပျံထုံသင်း

လှယမင်းရေ

ရနံ့ဆင်းက

ဝင်းမှည့်ပြည့်ဖြိုး

အလှတိုးလို့

လှသွေးပျိုမျှစ်

သည်အချစ်ရယ်

ရှင်သန်ပေါက်ဖွား

နှလုံးသားမှာ

ဖြစ်တည်မိတော့

အကြောက်တရား နဲ့စွာနဲ့ပေါ့
စာတွေသီကာ ရင်လွှာဖွင့်မယ်
ချစ်တဲ့သူ ခင်သက်လျာရယ်က
မုန်းရောင်ချယ်လို့ ပြုံးရှောင်ဖယ်ရင်
ချစ်မိသူ အသည်းကြွေးပြုန်းသလို
မောင့်ဘဝတော့ မသေဆုံးပါရစေနဲ့ကွယ် ....

လွမ်း လွန်း လို့


လွမ်း လွန်း လို့
----------------

လွမ်းစိတ်တွေထူး
လွမ်းစိတ်မြူးလို့
လွမ်းစိတ်ပုံချယ်
လွမ်းပန်းချီနှယ် သို့ ....

လွမ်းရရက်တွေ
လွမ်းသက်သေနဲ့
လွမ်းမျက်ရည်က
လွမ်းလို့ကျလား ကွယ် ...

လွမ်းတာတွေကို
လွမ်းကဗျာနဲ့
လွမ်းစာသီလည်း
လွမ်းလို့မဝ
လွမ်းဘဝက
လွမ်းပင်လယ်လို
လွမ်းမျက်ရည်ဝေ
လွမ်းလို့ပါလေ ချစ်သူရေ ......
 

မတွေးချင်တော့ဘူး


မတွေးချင်တော့ဘူး 
--------------------
အတွေးလွန် နယ်မြေရဲ့
ကမ္ဘာ တစ်ဖက်ခြမ်းမှာ

အလွမ်းတွေက ကာရံထားဆဲ
အဆွေးတွေ ပြည့်နေတဲ့ 
ဒီ နှလုံးသား ဥယျာဉ်ထဲမှာ
လွင့်မျောနေတဲ့ စိတ်တွေကို
ရွက်လွှင့်ရင်း အသိစိတ်တွေက
နင့် တစ်ယောက်ဆီကိုပဲ 
ရောက်ရောက်နေခဲ့တယ် ...

ဖမ်းဆုတ်မရတဲ့ လေညှင်းတွေလို
လွင့်ချင်တိုင်းလွင့် မျောနေခဲ့တော့
ဝေခွဲမရတဲ့ မသိစိတ်တို့က
ငါ့ ကိုလေ
ခဏခဏ ဒုက္ခပေးတော့
လွမ်းရမဲ့နေ့တွေ အတွက်
အတွေးလွန် နယ်မြေရဲ့
ကမ္ဘာ တစ်ဖက်ခြမ်းမှာ
အဆွေးတွေနဲ့ အလွမ်းတွေကို
မတွေးချင်တော့ဘူး ချစ်သူရယ် ....

ဘာကြောင့်လဲ ချစ်သူ








 ဘာကြောင့်လဲ ချစ်သူ
-----------------------

ကောင်းကင်က နေ တစ်ဖြောက်
............. ဒီရင်ကို အလင်းတောက်စေတယ်

ကောင်းကင်က လ တစ်စင်း
............. ဒီရင်ကို အေးမြစေတယ် .....

နေ တစ်ဖြောက်ကြောင့်
ရေခန်းခြောက်သလို

လ တစ်စင်းကြောင့်
နေ မင်းပျောက်တယ်

နေ့ အခါမှာ ကြယ်ရောင်မမြင်
ည အခါမှာ အလင်းမတွေ့
ဒီရင်ထဲက နင့် ပုံရိပ်
သံကွန်ခြာတွေ အလုံပိတ်ထားတောင်
ဘယ်အခါမှ မပျောက်တာက ???

မိ မာ ယာ

 
မိ မာ ယာ
------------
တော်ပါပြီ မိမာယာရယ်
အဆင်းတော့ လှပါရဲ့
အချင်းမှ မလှတာလေ ..

ချစ်မိသူ အသည်းကြွေပြုန်းလို့
ငါ့ ဘဝတော့ အမြဲသေဆုံးမယ်
နင် မထင်လိုက်နဲ့
ပြောပြရင် သောကမျက်ရည်ကြမယ်
အိုင်တွေ့တိုင်း ခြေဆေး
တစ်ခြုံကွယ် တစ်မယ်မေ့
အဲ လက်သုံးစကားက
ယောက်ကျားတွေကို ပြောရမဲ့စကား
နင်နဲ့ကြမှ ခါးသွားတာ သနားတယ် ....

အကြင်နာမပါပဲ မာယာတွေနဲ့ဆို
နင် အရင်တစ်ခါတည်းက ဝင်မလာနဲ့
ထွီ ရွံလိုက်လေခြင်း သွားစမ်းဝေးဝေး
လူမနီး သူမနီး ဟို ဂျောင်ခရီးကို
ဟောင်းနွမ်းနေတဲ့ နင့် အဆင်က
လမ်းဘေးနားက တစ်ရာဖိုး သုံးထည်
ဘေထုပ်လောက်မှ တန်းဖိုးမရှိ
မာယာတွေ ပေါနေရင် နင့်အတွက်
တစ်နေရာ ရှိတယ် သေခြာမှတ်ထား
ဟိုး မြို့ရွှေ ရန်ကုန်ကလေ
ညဈေးဆိုတဲ့ ကမ်းနားက
သံဈေးမှာ သွားရောင်း လိုက် .....

လေးစားပါတယ် ဗျာ

လေးစားပါတယ် ဗျာ
---------------------

မျက်လုံးလေး အသားပိတ်

စိတ်တွေကို သေခြာစု

ဘုရားကိုလေ အာရုံပြုလို့

အိပ်တာပဲ အေးမှာပ

မာယာတွေ များတယ်

ပလီပလာတွေ စားတယ်

ငါ့ အမြင် တွေ ဝါးတယ်

မြင်သူတွေ ရှက်တယ်

ယိုသူတွေ လိုက်တယ်

ဘာ တဲ့

မစားရတဲ့ အမဲ သဲ နဲ့ပတ်တယ်

အော် အော် အော်

တယ်လည်း လှလိုက်တဲ့စကား

ခင်ဗျားနဲ့ကြမှ ကြားရလို့

နားဝမှာ အရသာရှိ

လေး လေးစားပါ၏ဗျာ ... 

စောင့်နေမယ် အမ

စောင့်နေမယ် အမ
----------------------

ကဲ ကဲ ဟို အမ
ကျွန်တော်အတွက် ဆင်ဆာကြပြီလားဗျ
ဆင်ဆာကြရင်လေ ကဗျာဆိုတာစမယ်
မာယာမပါဘူး ကျိန်စာမပါဘူး
အလိမ်မာဆရာတွေမလိုဘူး
အခါတော်ပေးတွေမလိုဘူး
ရင်ထဲက ဒဏ်ရာ တွေ
မဖြေသာဝေဒနာတွေနဲ့
မေတ္တာတွေရယ် စာသီပေးမယ်
ကမ္ဘာဦးအစ လူသားရယ်လို့
ဖြစ်လာကတည်းကပေါ့ဗျာ
အချစ်ဆိုတာ ပါလာလေတော့
မေတ္တာနဲ့ အသဲ နှင်းအပ်ကာပေးတဲ့ပွဲမှာ
အတုန်းအရုံး ကျဆုံးခဲ့သူဆိုတော့
ခင်ဗျာတိုလို မသူတော်တွေက
ကျွန်တော်ဘေးမှာ အဖော်အဖြစ်ပါမယ်
ကဲပါ လေပြေတွေ သွေးနေတာနဲ့ပဲ
အချစ်အဘိဓမ္မာဆရာမကြီး မိမိဝါဆိုတဲ့
ကဗျာမရေးရဖြစ်နေမယ်
ဆင်ဆာကြရင်ပြော ဟော ဟိုနားက
ကျွန်တော် စောင့်နေမယ် အမ ...


 

Friday, August 16, 2013

ခင့်အတွက်ပါပဲ










ခင့်အတွက်ပါပဲ
---------------

ခင်
ချစ်မိရင်ခွင်
အပြစ်မြင်လို့
အကြင်နာမဲ့
စာသားတွေသုံး
အမုန်းဆိုတဲ့
အဆိပ်သုံးရင်း
ဓါးထက်ထက်နဲ့
ရင်ခွဲပါမှ
ခင် ကပျော်မှာတဲ့လား ကွယ် ....

ခင်
ဓါးတောင်ကျော်လို့
မီးပင်လယ်ဖြတ်
ကောင်းကင်ကကြယ်
ရအောင်ပင်ခူး
ထိုထိုစကား
မပြောရဲပါ
ဝ ရယ်မရှိ
ဝိ မလုပ်ပဲ
ရှင်းရှင်းလေးနဲ့
ဘွင်းဘွင်းပြောမယ်
ချစ်တာသိလို့
သစ္စာရှိရင်
တစ်မိုးအောက်မှာ
မဖောက်လွဲဘူး

ခင့် အတွက်ပဲ ဖြစ်ရမည် ... 

ဖော်မပါ ပါဘူး


ဖော်မပါ ပါဘူး
---------------

လာတုန်းကလည်း

........... တစ်ယောက်ထဲ

ပြန်သွားတော့လည်း

.............. တစ်ယောက်ထဲ

ငါ့ ဘေးနားမှာ ငါ မပါ ..

တစ်ကယ်တော့လေ

လူဘဝဟာ ဗလာ ပါ

ကြွေခဲ့ပြန်ပြီ ကြယ်တစ်ပွင့်

မျက်ရည်တွေပါ ကြွေကာသင့် ...

ဆ ရာ


ဆ ရာ
-------------

ဘာလုပ်ရမလဲ ဆရာ

ရင်ထဲမှာ ဝုန်းဒိုင်းကြဲလို့

ရထား ဆယ်စင်းမကဘူး

နေ အစင်းတစ်ရာမကဘူး

ပူ လိုက်တာ ဆရာရယ်

ဝေဒနာဆိုးတွေ ကြားက

ဆရာကလေ ဖြေသာမဲ့

လမ်း ကို ရွေးလိုက်တာပ

ခေါ်ရက်လေခြင်း ကိုသေမင်းရယ်

လက်တွေက ကွေးနေပေမယ့်

ကလောင်တွေက ထက်နေစဲဗျ

ဥာဏ်လည်းမြူးတယ် ကွ

တစ်ကယ်လည်း ထူးတယ်

နှမြောလေခြင်း ရင်နာဖြစ်ခြင်း

ကျွန်တော် ဘယ်လိုဖြေရမလဲ

လူပင်သေလည်း နာမည်မသေ

ဆရာ မင်းလူ ရေလို့ပဲ

အမှတ်သညာ ထားရမလား

ကျပ်တန်ပုံပြင် လေးတော့

ပိုပို သတိရ သွားတယ် ဆရာ ...

Wednesday, August 14, 2013

လှည့်စားသူ သို့


လှည့်စားသူ သို့
♣..♣..♣..♣..♣

♣ ပြုစားသူလို့
ငါ့ မဆိုရက်ပေမယ့်
လှည့်စားရက်သူလို့
ကဗ္ဗည်းထိုးထားပါရစေ ...♣

♣ နောက်ဆုံးမီးမမြှိုက်ခင်ထိ
သုံးမရတော့ပေမယ့်
ရခဲ့ဖူးတဲ့ အချစ်ကြောင့်
ပြုံးနေသေးတဲ့ ဒီနှလုံးသားက
နင့် နာမည်ကို တဖွဖွမြည်တမ်းရင်း
ဝဋ်ဥာဉ်ကင်းမဲ့ သွားတော့မှာပါ ... ♣

♣ ကြေကွဲဝမ်းနည်းမိတဲ့
ငါ့ နှလုံးသား ဈာပနာကို
အလွမ်းတွေ ဖျားနာနေလို့
လိုက်ပါပို့ဆောင်ခွင့်တောင်
မရခဲ့ဘူးပါ ဟာ ...♣

♣ ရက်လည်နေ့မှာ နင့် နာမည်ကို
ကြေးစည်ထုပြီး ငါ့ အရိပ်ထဲက
မောင်းထုတ်ပစ်ပါမယ် ...♣

♣ ငါ ဆုတွေလည်းတောင်းနေပါရဲ့
သံသရာတကွေ့မှာလေ
ငါ က အရမ်း ချစ်ရပြီး
ငါ့ ကိုယ်ချစ်တဲ့သူမျိုးသာ
ရပါစေတော့ရယ်လို့ပေါ့ ...♣
 
 

ခင့် တစ်ယောက်သာ



ခင့် တစ်ယောက်သာ
----------------------

ခင်
အတွေးတွေထူး
အဆွေးတွေမြူး
မျှော်ကာဖူးဖို့
စောင့်စားနေရ
ဒီဘဝက
ရူးများရူးလား မသိပါဘူး ...

ခင်
ထယောင်မှိုင်ငေး
ဟိုဒီလွှင့်လူး
စိတ်ကယ်မူးလို့
ရူးများရူးလား မသိပါဘူး ...

ခင်
မွန်တည့်နေဝင်
ညပင်မိုးချုပ်
နံနက်ပင်ရောက်
နေ့သစ်သောက်လည်း
ခင့်တစ်ယောက်သာ
လွမ်းမိပါသည်
နှလုံးသားဆီမှ အသံမြည် ... 

သေခြာတွေးပါလေ


သေခြာတွေးပါလေ
--------------------
ဖေ့ဘုတ်မှာ
မာယာတွေ များတယ်
အကြင်နားတွေ ခါးတယ်
သစ္စာတွေ ရှားတယ် .....

အနှစ်မပါတဲ့ 
အချစ်တွေက များတယ်
အရှက်မရှိတဲ့ 
အော်ဂလီတွေက စားတယ်
မသူတော် လူတစ်သိုက်နဲ့
အတူတူ ပျော်ပိုက်လို့ 
ဥာဏ်တော်ကမွှဲ 
အသားတော်ကမည်းနဲ့
အို ရှက်စရာအတိပါတကား ..

ပကာသန ဆိုတာက
တခဏတွေပါ လေ
ပြာကျရင် ဘာမှမရတာက
အဲတာမှ လောက သဘာဝ ဟ
မသေခင်လေး ဒီချိန်လေးမယ်
စိတ်ဝယ်နှလုံး ပီတိဖုံးကာ
မာယာမပါ စေတနာနဲ့
ကြီးသူရိုသေ ငယ်သူသနား
ရွယ်တူကိုများ လေးစားရင်ပေါ့
လှလိုက်မယ် ဒီလောက ....

နှလုံးလှလူမိုက်

နှလုံးလှလူမိုက်
----------------

လူမိုက်က ကျွန်တော်
အဖော်က နှလုံးသား
အပြုံးများနဲ့ လူသားပေါ့ ...

အော်
ဖော်သဟာဆွေ
ပျော်ပါစေလို့
ဟာသတစ်ဖုံ
နည်းလမ်းစုံနဲ့
သိသလောက်လေး
ကူညီပေးရင်း
စေတနာတွေ
ဝေဆာဖြိုးပေမယ့်
မလိုသူများ
တယ် စော်ကားပါလား ....

မာနမကြွယ်
ပညာလှယ်လို့
သဏ္ဍာန်ရုပ်နဲ့
မာယာမလုပ်
အမှန်ဟုတ်ကို
ပြောပါသော်ညား
မာယာများက
အားရယ်မနား
လျှာရယ်မကျိုး
တယ် ဆိုးပါတကား ....

ရှိပါစေတော့
ဟိုရင်ဘဝ
အတိတ်ကံပါ
မကုန်သ၍
ပေးစပ်နေလို့
ကမ္ဘာ တည်စဲ
ငါ သည် မမြဲ
သင်လည်းတစ်နေ့ ကြုံရမည် .....

Tuesday, August 13, 2013

နင့် အတွက် လူသားပင်ဖြစ်ခဲ့လေသလား




နင့် အတွက် လူသားပင်ဖြစ်ခဲ့လေသလား

------------------------------------------



...... ကြာပြီလေ

ထားခဲ့သူက မေ့နိင်ပေမယ့်

ကျန်ခဲ့သူက အနေခက်လို့

ဝေဒနာဒါဏ် အမောတွေကို

ဖြေသာအောင်ရယ် ကဗျာခြွေလည်း

စိုးစိတ်မှာ ဗျာပါဒနဲ့

တိုးတိတ်ကာကြွေ နင် မသိပါလေ ......


အကြွေပန်းကို ခြွေမနမ်းပဲ

ပူသမျှအပူ အတူမျှကာယူမယ်ဟဲ့လို့

သဒ္ဒါလွန်ရစ် နယ်ကျွံကာအချစ်တွေနဲ့

အချစ်ကြီးပင် ချစ်ခဲ့မိတော့

နားလိုက်တဲ့ သည်အသဲရယ်က

ဟပ်တက်ကြီးကို ကွဲခဲ့တာပ ...


... မေးပါရစေလေ

သံယောဇဉ်ဆိုတဲ့ ကြိုး က

လျော့သွားရိုးလား ဟင်

ပတ်ထားနှောင်ရစ် ဒီအချစ်က

ဝေးလည်းချစ်နိင် နီးလည်းချစ်နိင်ပါ

သစ္စာယွင်းသူရယ်လို့ ငါ့ ကိုလေ

နင် ကတော့ ယိုးမယ်ဖွဲ့

ငြိုးမာန်ချက်က သုဘဒ္ဒါမခြား

ရက်စက်ရက်ပါလား နော်

ဒီ သံသရာထဲမှာမှ

ကံကြမ္မာနည်းစွာနဲ့ပေါ့

သံယောဇဉ် ဒီ လူသားကို

နင် အသဲခွဲဖို့အတွက်များ

ဩော်

လူသားပင် ဖြစ်ခဲ့လေသလားလို့ .....

တစ်ခါတုန်းဆီက ပါးတစ်ခြမ်း

တစ်ခါတုန်းဆီက ပါးတစ်ခြမ်း
------------------------------

အတိတ်ဆိုတဲ့
.. အရိပ်လှိုင်းတွေကြောင့်
စိတ်တွေက ထိုင်း လို့
.. အသိတွေကပါ မှိုင်း
ဩော်
.. လူကလေ အရူးတစ်ပိုင်းနဲ့
ဝေ့ဝါးစွာ နိုးထလာတော့

မြင်မြင်စေရာ နင့်ရုပ်လွှာက

ပေါ် ပေါ် လာသေးတော့

.... လွမ်းမိသေးတယ် မှတ်မိသေးတယ်

တစ်ချိန်တစ်ခါဆီက ....

ငါ နမ်းခဲ့ဖူးတဲ့ နင့် ပါးတစ်ခြမ်းရယ်
နင် နမ်းခဲ့ဖူးတဲ့ ငါ့ ပါးတစ်ခြမ်းရယ်က

ခုချိန်ထိတော့
သင်းပျံလို့ မွှေးနေစဲပေါ့
ငါ့ ကိုမချစ်တဲ့ ငါ့ ချစ်သူရေ .....

ရင်ကိုယ်ခွင်းလို့ယူပါ မောင်

ရင်ကိုယ်ခွင်းလို့ယူပါ မောင်
----------------------------

မမြင်ကွယ်ဝှက်
မောင် နှင်ရက်လို့

ဒီ ရင်ကိုတော့
မစာနာက
နှိပ်စက်ခဲ့ပါ
မကြင်ရှောင်ပုန်း
ဘယ့်တွက်မုန်းလဲ
မမေးဝံလို့
ဖွင့်ကာတော့ရယ်
မမေးချင်ဘူး မောင် ....

အပြင်မှာမတွေ့
အွန်မှာတွေလို့
အချစ်ကိုတော့
တန်ဖိုးမထားဘူး
မထင်နဲ့နော်
လေးစားလို့ရယ်
မြတ်နိုးနှောင်ဖွဲ့
အသက်ထက်မိုးကာ
တစ်မိုးအောက်မှာ
မဖောက်လွဲပဲ
တစ်ယောက်ထဲကို
ချစ်ခဲ့မိပါတယ် မောင် ...

မောင် ထားရာနေ
မောင် စေရာသွား
အရုပ်လိုနေပေးသူက
သဝန်တိုမိတာ
အပြစ်တဲ့လား
ရှိပါစေတော့
ချစ်မိသမျှ ဝန်
ကျွန်မအလွန်ပေါ့
သစ္စာ မယွင်း
ချစ်သဒ္ဒါ ပြင်းလို့
မောင် လျှောက်သွားသော
လမ်း အသွယ်သွယ်မှာ
ဆူး အမယ်မယ်တွေ
ပယ် ရအောင်လေ
နှလုံးသားကို
တံတား ခင်းမယ်
ကျွန်မချစ်သော ကျွန်မ မချစ်သူ
ထာဝရထက်
နေ့သစ်တိုင်းမှာ ပျော်နိင်စေ ......


 

ရူတိုင်းယဉ်ပ‬ မောင့်ချစ်သူ‬



ဥသာဖုရား နှယ်
ပတ္တမြား စိန်ချီလို့
မျက်လုံးတွေရယ်
မျက်တောင်တွေက
သက်တံရောင်ဝယ်
အရောင်သွေးစုံလို့
စွဲမိပြီ မောင့်အသဲ .......


ပိတုန်းရောင်မယ်
ကေသာနက်နဲ့
သူ့ ပါးပြင်ဝယ်
နံ့သာကမွှေး
ပြုံးရင်လည်းနော်
ပါးချိုင်ပေါ်လို့
ရီရင်လည်းဖွေး
သထက်လေးနဲ့
အသားတော်ရယ်
ထိန်ကြည်လွန်းလို့
စွဲမိပြီ မောင့်အသဲ .....

တွယ်တာမိသူ
ဒီ အသဲမှာ
ချစ်တာတွေကို
လှစ်ကာထုတ်ပြီး
မေတ္တာသုတ်ရယ်နဲ့
ဖွင့်ကာသာများ
ပြောမိရင်ပေါ့
မောင့် ချစ်သူ
သက်ထားရယ်က
မနောဟန် ကြည့်မွေပါလို့
မုန်းမှာလားကွယ် ချစ်သူရယ် .....

သတိရလျက်ပါပဲ



သတိရလျက်ပါပဲ
))))))))))))))))))

သူ့ ပုံလေးတွေမြင်မိတိုင်းပေါ့

ပြန် ပြန်ပြီး သတိရမိတယ်

သနားလည်းသနားမိတယ်

အော်

နင် ဥပေက္ခာပြုကာ

ရက်စက်ခဲ့ပေမယ့်

မနာရက်နိင်တဲ့

ဒီအသည်းက

ရာသက်တိုင်ပဲ

သတိရနေအုံးမယ်

ထင်ပါရဲ့

ငါ့ ကိုမချစ်တဲ့ ငါ့ ချစ်သူရယ် ......

Sunday, August 11, 2013

ငါ့ ဘဝလား ချစ်သူ

ငါ့ ဘဝလား ချစ်သူ
----------------------
အရင်ကဆို

ပျော်ရွှင်မြူးပါရဲ့

ခုများဆိုရင်တော့

အပျော်တွေ မဲ့ပါလို့

ဟန်ဆောင်ကာလေ

အပြုံးတုတွေနဲ့

ချစ်ခင်သူ ဖော်ရွေများကို

နူတ်ဆက်ချွေရင်း

ပြိုင်လာလျှင် အရူံးပေး

ဆဲ လာသူကို မေတ္တာပေး

မာနာဆိုတာ ခဝါချ

အဲတာ တွေက

ငါ့ ဘဝလားကွယ်

ချစ် သူ ရယ် ........

မေးပါရစေ ချစ်သူရယ်


မေးပါရစေ ချစ်သူရယ်
-----------------------
ကောင်မလေးရေ ....

ချစ်မိသမျှ နွံ့

အမျှစ်ကျွံလို့

နူတ်တစ်ရာရယ်

စာစကားလုံးတွေနဲ့

ချစ်တာတွေကို

စာသီမကုံးခင်

ဖွင့်ကာသာလေ

မေးချင်မိတယ်

အသာမိကော လား

သာမိကော လားကွယ်

ချစ် သူ ရယ် .....

ခင်ဦး သို့



ခင်ဦး သို့
----------

ကျန်ရစ်သူ အသည်းရယ်က
ကျန်စစ်လိုပါ ခင်ဦးရယ် ...

အတိတ်ကြောင်း ရာဇဝင်ကို
ပြန်ပြောင်းကာ ပမာတင်ရရင်တော့
နှလုံးသားကို စတေး ကာပ
ဩော်
အရှင်အတွက် အရေးပေမို့
သေဘေးကိုတဲ့ မမြင်သာ
ချစ်မိတဲ့ ဝန်တာတွေပါ ခင်ဦးရယ် ....

အရိန္ဒမာကို သစ္စာတည်လို့
တူနှစ်ကိုယ် ရွှေလက်တွေရယ်
မြဲခဲ့ပေမဲ့ ကံကြမ္မာရယ်လေ
မျက်နှာမပေးတော့ တစ်ကယ်ပါ
ခင်ဦး ရေ နင် ဟာလေ
နန်းထိုက်ကာ တော်ဝင်သူမို့
စစ်ပွဲတစ်ရာသာ နွှဲလိုက်ချင်ပါရဲ့
နှလုံးသား တိုက်ပွဲမှာတော့ဖြင့်
သစ္စာ မေတ္တာ အချစ်သမားက
အားမတန် မာန်ကိုလျော့မယ်
ခင်ဦး ငယ်နှမ သိစေကွယ် ........

Friday, August 9, 2013

လွမ်းနေစဲပါ မောင်


လွမ်းနေစဲပါ မောင်
--------------------


မမြင်တွေ့လို့
မေ့ သခင်က
မေ့ပြီလားနော်
မကြင်ရှောင်ပုန်း
ဘယ့်အတွက်မုန်းလဲ မောင် .....

စိတ်စေရာ
အတိတ် 
ဝေဒနာဆိုးတွေကြောင့်
တစ်နေ့တစ်ရက်မှ
အိပ်မရပါဘူး မောင် ........

မောင် မကြင်တမင်
စိမ်းပေမယ့်
ဟိုယခင် အတိတ်ဆိုတာမှာ
အရိပ်လိုသာ ရှိနေသေးလို့
အမှတ်တရကြုံတိုင်း
လွမ်းမိသေးတယ် မောင် ....

မောင် စိမ်းကားကြီး သို့


မောင် စိမ်းကားကြီး သို့
------------------------

သောင်ယံမှာလေ

ဟဿင်္ာမောင်နှံတွေလိုပေါ့

နှစ်ဖော်ရွှင်ကာ

တောင်ပံတွေကို

လေဟုန်ခွင်းပါလို့

ပျံသန်းချင်မိတာပါ မောင် ...


ဒါပေမယ့်

ချစ်တဲ့သူ မေ့သခင်

မောင်စိမ်းကားရယ်က

ထောက်ထားမညှာ

ဖောက်ပြားကာသွားပါတော့

ချစ်မိသူက 

အသည်းကြွေပြုန်း

မေ့ ဘဝတော့ 

အမြဲသေဆုံးခဲ့ပါပြီ မောင် .....
 
  

မိ အညာ ရယ်



မိ အညာ ရယ် 
းးးးးးးးးးးးးးးးးးးးးး

လွမ်းလိုက်တာ ချစ်သူရယ်လို့
အကြိမ်ကြိမ် အခါခါရယ်
ကုဋေကုဋာမက အော်နေမိလည်း
လွမ်းရယ်မပြေ နွမ်းမျက်ရည်က
ကြွေနေဆဲမို့ အလွမ်းတွေကို
ကဗျာစီချ လွှင့်မြောမိတဲ့ ငါ့ ဘဝ .......

အကြွေပန်းကိုလေ ခြွေမနမ်းပါပဲ
မာယာမပါတဲ့ ဒီနှလုံးသားကိုမှ
မူယာတွေပိုကာ ညာလိုက်ပုံများ
အခါ (၁၀၀၀) ကွဲတာထက်နာချက်က
အညာမြေမှာ တမာ တွေမဖူးသလို
ဒီရင်မှာ
အချစ်ဆိုသော အနမ်းပန်းတွေလည်း
ဝေဆာမမြူးသေးတာက ငါ့ ဘဝ ......

ဘဝတွေကို သေခြာဆန်းစစ်တော့
အချစ်ရယ်မှ မနုဿ ချစ်မိတဲ့ ဒုက္ခလေ
ကိုယ်အပြစ်နဲ့ ကိုယ်အလွန်မို့
ခန္ဓာငါးပါး ရန်ရှာထားလည်း
တဏှာဆိုတာ မကင်းသ၍တော့
ခုထိတော့ လွမ်းဆဲ ဆွေးဆဲနဲ့
ကြေကွဲဆဲပါ မိ အညာရယ် .....