ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 9, 2013

မင်္ဂလာပါ Ka Byar


မင်္ဂလာပါ Ka Byar 
*************

မင်္ဂလာပါ ကဗျာရေ
အကြင်နာတွေ လူမြင်အောင်
ဖွင့်ကာလေ မပြတက်ပေမယ့်
နင် ဟာလေ ငါ့ အဖော်ပဲမို့
ရင်မှာလေ စေတနာများနဲ့
ထာဝရကျေးဇူးပါ ကဗျာ .....

မင်္ဂလာပါ ကဗျာရေ
ရသစုံစုံ အလှမျိုးစုံနဲ့
စားသုံးမဝ အဟာရက
ပဒေသာပင်မခြား လွန်ပေါများလို့
သူသူငါငါ ခူးလို့ပင်စား
မကုန် မကုန်နိင်ပါလား .....

မင်္ဂလာပါ ကဗျာရေ
ဟိုတစ်ခါ ငါ ငိုတုန်းက
အလွမ်းတွေကို စာစီလို့
ကဗျာတွေလည်း သီခဲ့ရတယ်
ငါ ပျော်ရင် နင် လည်းပျော်လို့
အပြုံးတွေလည်း ယှဉ်ကြတယ်
ဘဝသဏ္ဍန် သရုပ်မှန်လည်း
နင့်ကြောင့်ပင်လျှင် သိခဲ့တယ်
မပေါ်တစ်ပေါ် လှအောင်ဖော်တဲ့
အပျိုးမတစ်ပိုင်း မော်ဒယ်ရိုင်းတွေလည်း
ငါ အော် အော်လို့ လှော်ခဲ့မိတယ်
တော်ပါပြီ ကဗျာရယ်လေနော်
ပြောပြရင် နင့်ဘဝနင့်အကြောင်းက
တစ်ထောင့်တစ်ညထက် ပိုရှည်လိမ့်မယ်
ကဗျာသည်သာ ငါ့ နှလုံး
ကဗျာသည်သာ ငါ့ အသက်မို့
မနက်ဖြန်တိုင်းမှာ နင် နဲ့အတူ
ကဗျာ ကဗျာ ကဗျာ ကဗျာ
အရမ်းချစ်တဲ့ ငါ ရှိနေပါမယ်ဟာ .... 

No comments:

Post a Comment