
ခိုလှုံပါတော့ ခင်
♥♥♥♥♥♥♥♥♥♥
စံပယ်လိုနု ပွင့်ဖတ်လိုသွယ်
ချစ် သော ခင် ရယ်♥♥♥
ဒီရင်မှာ ခိုလှုံရန်ပင်
စိုးကြောက်နေသလား
မကြင်နာ တမင်ခွာလို့
ဘယ်ရင်ခွင် ဘယ်စခန်းကို
မြန်းမှာလှည့်လေး ......
ဒီ မောင် မှာ
ခင် မရှိရင်ဖြင့်
အမြင် အသိ အထိ အတွေ့
ခံစားမှုအစုံ အကုန်ပျောက်ပါလို့
နှလုံးသားရယ် ကျေကာမွ
မွန်းကျပ်ပြီ ဒီရင်ထဲ
မနက်ဖြန်တိုင်း စိတ်ညစ်တယ် ....
ရင်ခုန်သံမြန် ဖောက်ပြန်ဟန်နဲ့
ရာသီမမှန် မုန်တိုင်းထန်က
ဟိုရင်ခွင် မာယာကြားမှ
ခြေစုန်ကန် ပြန်သာထွက်ခဲ့
ဒီရင်မှာ အသိုက်မြဲစေဖို့
ကမ်းလင့်ကာ ကြိုနေမယ်
ထာဝရတော့ခိုလှုံပါလား ခင် ......
No comments:
Post a Comment