ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, July 12, 2013

ချစ်သောအဖွား ကြားပါစေ

 

ချစ်သောအဖွား ကြားပါစေ
_/|\_ _/|\_ _/|\_ _/|\_
 
ချစ်သော အဖွားရေ
အတွေးတွေနယ်ချဲလို
အလွမ်းတွေနဲ့ စာသီအုံးမယ်နော် ....

ဒီလ ဇူလိုင်လပါ အဖွား
အမှတ်တရတွေ လွမ်းမောဖွယ်တွေ
သြောင်းမေ့စရာတွေ ပြည့်နှက်နေတဲ့ လ
မြေး အရမ်းကြောက်တဲ့ လ ပေါ့

အူဝဲငိုသံ သောသောညံရင်း
မီးတွင်းအထွက် ကိုယ်လက်သန့်စင်
အဖွားရင်ခွင်ထက်တွင်
ပျော်ဝင်မှေးစက် မြေး တစ်သက်ပါ
အမေနို့ချို သုံးလပြည့်အောင်
မသောက်သုံးခဲ့ရပေမယ့်
ဈေးအရမ်းကြီးတဲ့ နိုးဗူးတွေနဲ့
မြေး အသက်ဆက်ရေး အဖွားတွေးလို့
ဝယ်ယူပေးရင်း တိုက်ခဲ့ဖူးတယ် ...

ကျောင်းစာဆိုလည်း သေခြာသင်စေ
လိမ်မာယဉ်ကျေး မြေးလိမ္မာလေးတဲ့
ဝါသနာပါသော ဘောလုံးဆိုလည်း
ဘယ်မှာကန်ကန် အားပေးသံနဲ့
ငါ့မြေးဇာနည် ဘာမထီတဲ့လား ....

၉တန်းအရွယ် ကျောင်းတက်စဲဝယ်
ချစ်သောအဖွားက မြေးကိုခွဲခွာ
ထားခဲ့ရက်စက် ဩော် ဇူလိုင်၁၉တဲ့ဗျာ
ကြည့်စမ်း တိုက်ဆိုက်ဆိုင်ဆိုင်
သူရဲကောင်းတို့မခြား ထူးခြားပုံများ
ဒီ မြေး ဘယ်မှာ မေ့နိင်မည် ....

ချစ်သောအဖွား သာဓုခေါ်နော်
မြေးမွေးရက်က အလှူတစ်ခုပြုပေးခဲ့တယ်
ပြုပြုသမျှ ဤကုသလကို
အမျှ အမျှ အမျှ မြေး ပေးဝေမယ်
နတ် လူ သာဓု ခေါ်စေသော်ဝ် ......

No comments:

Post a Comment