တိတ်တခိုး
*******
ကောင်မလေးရေ
မဖြစ်သင့်ပေမယ့်
ချစ်ခွင့်ကိုမှလေ
မျှော်လင့်မိသူမို့
စာလင်္ကာခြွေလိုက်အုံးမယ် ...
ရင်နင့်အောင်ယိုဖိတ်
မျိုသိပ်ကာရယ် ဆွေး
ဆွေးရလွန်းလို့ ငေး
ချစ်ဒုက္ခကို တွေး
တွေးရင်းငေးရင်းနဲ့
ဖြစ်တည်လာသမျှ
နှလုံးသားစေရာ
အရေးတွေကြောင့်
ဝေဒနာတွေက
တစ်ဆစ်ဆစ်နဲ့လေ
ပိုပိုဆိုးလာတယ်
ကောင်မလေးရယ် ....
ဘဝဆိုတဲ့ လမ်းချိုးတစ်ကွေ့
တို့တစ်တွေ တွေ့ကြပုံကိုက
နင် ကတော့ ပန်းလှလှပါ
ငါ ကတော့ ပန်းပျိုးသူပေါ့
လှမ်းချိုးယူခွင့် မရှိသူမို့
ပန်းလှလှ ဘဝလေးကိုမှ
တစ်ဘဝစာ ချစ်မိသမျှ
တိတ်တခိုးပဲ နေရတော့မလား ...
သောကအပူ မောလှိုက်ဆူတော့
ဘဝင်တုန်နွမ်း ဒီရင်ကျွမ်းလို့
ဖွင့်ကာများလေ ပြောလိုက်ရင်ရော
ငြူစူကာရယ် စိတ်ကောက်မှာလား
ကြောက်အားရယ်ငယ် သနားပါကွယ်
အရမ်းချစ်ပါတယ် ကောင်မလေးရယ် ....
No comments:
Post a Comment