ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, July 9, 2013

မောင့် နှလုံးသားပါအတည်


မောင့် နှလုံးသားပါအတည် 
*******************
အပျော်ချစ်မရှာပဲ

ကျွန်တော်သစ္စာထားပါမယ်

ချစ်တာကိုအပြစ်မဆိုပါနဲ့လား

ချစ် သဲ ရယ် ....


အမြဲတမ်းတစ်သက်

စွဲလမ်းလျက်ရယ်

မေတ္တာထားလို့ချစ်ပါမယ်

ချစ်တာကိုအပြစ်မဆိုပါနဲ့လား

ချစ် သဲ ရယ် ......


ဒီဘဝမှာ ဒီတစ်သက်နဲ့

မခွဲတမ်းတစ်သက်

ကြင်နာတိုးလို့ချစ်ပါမယ်

ချစ်တာကိုအပြစ်မဆိုပါနဲ့လား 

ချစ် သဲ ရယ် ...

ထိုထိုအချစ် ပေးဆပ်ကာထား
မယုံညားက ချစ်သက်လျာက
တောင်း လာ မှန် သော်
ပေးဆပ်လှူမည် မောင့် နှလုံးသားပါအတည် .....

No comments:

Post a Comment