ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, July 25, 2013

ညီမလေး ဖတ်ဖို့

ညီမလေး ဖတ်ဖို့
)))))))))))))))))
Photo: ညီမလေး ဖတ်ဖို့
)))))))))))))))))

ညီမလေးရေ
မပြောမပြီး မတီးမမြည်
အကိုကြီးတော့ အဖအရာ
သဘောထားလို့ သိသလောက်တော့
ပြောရအုံးမယ် နားစဉ်ပေးနော် ....

ညီမလေးရေ
တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
အွန်လိုင်းမှာရော အပြင်မှာပါ
ဇတ်လမ်းအစုံစုံ ကြားကြားနေရ
မြင်မြင်နေရတော့ စိုးရိမ်မိတယ်လေ ....

ညီမလေးရေ
မိ ဖ မဆုံ အတောင်မစုံလို့
အားငယ်သနား နားလည်ထားနော်
အရွယ်တော် အပျိုဖြန်းဆိုတော့
ညီမလေးလည်း လှချင်မှာပေါ့လေ
ခေတ်ဆိုတော့လည်း ဝတ်ပေါ့ကွယ်
ဒါပေမယ့် ညီမလေးက ဗုဒ္ဓဘာသာ
လျပ်ပေါ်လော်လီကာ မော်ဒယ်တွေလို့
မတော်တအီတွေတော့ မဝတ်နဲ့ကွယ်
ယိုသူမရှက် မြင်သူရှက်လှကြီရဲ့ .....

ညီမလေးရေ
သူများတွေက စိန် ရွှေ ငွေတွေ
ဝတ်တာမြင်တော့ ညီမလေးလည်း
ဝတ်ချင်မှာပေါ့ အကိုတို့က
ဆင်းရဲတယ်လေ နားလည်ထားနော်
တစ်ချိန်ချိန်တော့ ဝတ်ရမှာပေါ့ကွယ် ...

ညီမလေးရေ
ဆင်းရဲချမ်းသာခြင်းက အတိတ်ကံမို့
ကံကိုပုံပြီး ငွေ နောက်ကိုတော့မလိုက်ပါနဲ့
မာဆက်တစ်သွယ် KTV ဝယ်
ဘဝကိုပုံလို့ အသွေးသားရောင်းစား 
၁၈-၁၉ ကြားတွေက များများသားလေ
ဘဝအတွက် မိဘအတွက်နဲ့
အမျိုးမျိုးပေါ့ ညီမလေးရယ်
သူတို့တွေလို ညမွှေးပန်းတော့
မဖြစ်စေချင်တာ စေတနာပါ ......

ညီမလေးရေ
ရီစားမထားနဲ့လို့ မပြောလိုဘူး
ထားကြမှာပဲလေ ဒါလေးတွေတော့
စိတ်ဝယ်သတိ အမြဲရှိနော် 
ချစ်သူကိုလည်း အယုံမလွယ်နဲ့ 
လျှာနှစ်ခွနဲ့ မြွေများလိုလည်း 
မာယာမများနဲ့ မိန်းမကောင်းဆို
တစ်ပွင့်ပန်းသာ ပန်းစေချင်တာ
သဘာဝရဲ့ နိယာမပါ .....

ညီမလေးရေ
ကဗျာတစ်ပုဒ်နဲ့ အမှာခြွေတာ
ရပ်သင့်ပြီမို့ နား နဲ့ မနာ
ဘဝ နဲ့ နာလို့ စိတ်ဝယ်နှလုံး
ပိတီဖုံးကာ မြင်ချင်စမ်းတယ်
နန်းထိုက်စေမယ့် ပန်းကလေးတွေရယ် .......

(ချစ်ရသူလှိုင်မင်း) 
ညီမလေးရေ
မပြောမပြီး မတီးမမြည်
အကိုကြီးတော့ အဖအရာ
သဘောထားလို့ သိသလောက်တော့
ပြောရအုံးမယ် နားစဉ်ပေးနော် ....

ညီမလေးရေ
တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
အွန်လိုင်းမှာရော အပြင်မှာပါ
ဇတ်လမ်းအစုံစုံ ကြားကြားနေရ
မြင်မြင်နေရတော့ စိုးရိမ်မိတယ်လေ ....

ညီမလေးရေ
မိ ဖ မဆုံ အတောင်မစုံလို့
အားငယ်သနား နားလည်ထားနော်
အရွယ်တော် အပျိုဖြန်းဆိုတော့
ညီမလေးလည်း လှချင်မှာပေါ့လေ
ခေတ်ဆိုတော့လည်း ဝတ်ပေါ့ကွယ်
ဒါပေမယ့် ညီမလေးက ဗုဒ္ဓဘာသာ
လျပ်ပေါ်လော်လီကာ မော်ဒယ်တွေလို့
မတော်တအီတွေတော့ မဝတ်နဲ့ကွယ်
ယိုသူမရှက် မြင်သူရှက်လှကြီရဲ့ .....

ညီမလေးရေ
သူများတွေက စိန် ရွှေ ငွေတွေ
ဝတ်တာမြင်တော့ ညီမလေးလည်း
ဝတ်ချင်မှာပေါ့ အကိုတို့က
ဆင်းရဲတယ်လေ နားလည်ထားနော်
တစ်ချိန်ချိန်တော့ ဝတ်ရမှာပေါ့ကွယ် ...

ညီမလေးရေ
ဆင်းရဲချမ်းသာခြင်းက အတိတ်ကံမို့
ကံကိုပုံပြီး ငွေ နောက်ကိုတော့မလိုက်ပါနဲ့
မာဆက်တစ်သွယ် KTV ဝယ်
ဘဝကိုပုံလို့ အသွေးသားရောင်းစား
၁၈-၁၉ ကြားတွေက များများသားလေ
ဘဝအတွက် မိဘအတွက်နဲ့
အမျိုးမျိုးပေါ့ ညီမလေးရယ်
သူတို့တွေလို ညမွှေးပန်းတော့
မဖြစ်စေချင်တာ စေတနာပါ ......

ညီမလေးရေ
ရီစားမထားနဲ့လို့ မပြောလိုဘူး
ထားကြမှာပဲလေ ဒါလေးတွေတော့
စိတ်ဝယ်သတိ အမြဲရှိနော်
ချစ်သူကိုလည်း အယုံမလွယ်နဲ့
လျှာနှစ်ခွနဲ့ မြွေများလိုလည်း
မာယာမများနဲ့ မိန်းမကောင်းဆို
တစ်ပွင့်ပန်းသာ ပန်းစေချင်တာ
သဘာဝရဲ့ နိယာမပါ .....

ညီမလေးရေ
ကဗျာတစ်ပုဒ်နဲ့ အမှာခြွေတာ
ရပ်သင့်ပြီမို့ နား နဲ့ မနာ
ဘဝ နဲ့ နာလို့ စိတ်ဝယ်နှလုံး
ပိတီဖုံးကာ မြင်ချင်စမ်းတယ်
နန်းထိုက်စေမယ့် ပန်းကလေးတွေရယ် .......

No comments:

Post a Comment