အပျော်ရည်းစား ကြားပါစေ
^!^____________^!^
ငါ့ ကိုမချစ်တဲ့ ငါ့ ချစ်သူရေ
အပြင်မှာမတွေ့ အွန်မှာတွေလို့
အချစ်စစ် မဟုတ်ဘူးတဲ့လားကွယ်
ပန်းတွေအများကြီးထဲမှာမှ
မနမ်းထိုက်တဲ့ ပန်းမှန်းသိပါလျှက်
သစ္စာတွေထား မေတ္တာတွေပွားလို့
တန်ဖိုးထားကာ ချစ်ခဲ့မိပါ၏ .....
ဒါပေမယ့်လေ
စိမ်းလေသူ ငါ့ ချစ်သူရယ်က
အဖော်အသစ်သစ်တွေနဲ့
လှော်လို့ပင် ချစ်သွားခဲ့တာပ
ရှိပါစေတော့ ချစ်သူရေ
ချစ်မိသည်နွံ ငါ့ အလွန်ပေါ့ ....
အွန်လိုင်းဆိုပြီး အပျော်မချစ်
ငါ့ ဘဝအဖော်အဖြစ်ပါလေ
ချစ်တာသိလို့ သိစ္စာရှိရင်
နောက် ဇယားဇယားတွေနဲ့
ထောက်ထားမညှာပဲ
မဖောက်ပြားပါနဲ့လားကွယ် .....
သစ္စာမရှိသူလို့ ကဗ္ဗည်းတပ်
နင့်ကတော့ အောင်လံတွေလွှင့်
အောင်နိင်သူ အသွင်ဆင့်ပါလို့
နာလိုက်တဲ့ ဒီအသည်းက
ဟပ်တက်ကြီးကို ကွဲကျန်ခဲ့တာပါ
ဝေဒနာတွေ ဖြေစရာရှားသူမို့
အမျက်ပြေရေးတွေ ကဗျာမဆင့်တော့ပါဘူး
မနာရက်နိင်တဲ့ နှလုံးသားနဲ့ လူဆိုတော့
ငါ့ ကြမ္မာနဲ့ ငါ ရင်စီးကာခံလိုက်ပါမယ် ...
ကံသာလျှင်အမိ ကံသာလျှင်အဖ
တရားစကားတွေ အခါခါမှတ်ပေမယ့်
ပုထုဇဉ် လူသားကြီးလေ
ငါ့ ဘယ်မှာ မေ့လို့ရနိင်ပါအုံးမလည်း
နင် ရွေးချယ်သော လမ်းအသွယ်သွယ်
ဆူးဆိုတာမရှိပါစေနဲ့
နင် ဆင်မြန်းသော ပန်း အမျိုးမျိုး
ဘယ်အခါမှ မငြိုးပါစေနဲ့
နင် သွားမဲ့ ဘဝခရီးတစ်လျှောက်
အလွမ်းမိုးတွေ မကြရောက်ပါစေနဲ့လို့
နင့် ထားခဲ့တဲ့ ငါ က
တောင်းဆုပဏ္ဍာ အခါခါပေးရင်း
အရူံးများနှင့် ဒီ လူ သား စကား
အပျော်ရည်စား ကြားပါစေသားကွယ် ....
No comments:
Post a Comment